Latest News

Monday, April 3, 2017

YBS ယာဉ်လိုင်းများ ခရီးစဉ် အပိုင်းလိုက်ခွဲပြီး ယာဉ်စီးခ ၁၀၀ သတ်မှတ်မည်

YBS ယာဉ်လိုင်းများ ခရီးစဉ် အပိုင်းလိုက်ခွဲပြီး ယာဉ်စီးခ ၁၀၀ သတ်မှတ်မည်

ရန်ကုန်မှာ ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေ အကုန်လုံးကို ခရီးစဉ် အပိုင်းလိုက် ခွဲပြီး ယာဉ်စီးခ ကျပ် ၁၀၀ သတ်မှတ် ပေးသွားမယ်လို့  ရန်ကုန်တိုင်း ဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ဒီဗွီဘီကို ပြောပါတယ်။

ခရီးသည်တွေရဲ့ တောင်းဆိုချက်တွေကြောင့် အခုလို ယာဉ်စီးခကို ပြောင်းလဲ သတ်မှတ်ရတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ရန်ကုန်မြို့တွင်းမှာ ပြေးဆွဲ ပေးနေတဲ့ YBS ယာဉ်လိုင်း တွေကို ခရီးစဉ် အကွာအဝေးကို ပိုင်းဖြတ်ကာ ယာဉ်စီးခ ကျပ် ၁၀၀ သတ်မှတ်တာ ဖြစ်ပြီး ခရီးစဉ် အစအဆုံး ကိုတော့ ငွေကျပ် ၂၀၀ ပေးမှာ ဖြစ်တယ်။

ပြောင်းလဲလိုက်တဲ့ ယာဉ်စီးခတွေကို သင်္ကြန် မတိုင်ခင် သတ်မှတ်မလား သင်္ကြန်အပြီး သတ်မှတ်မလား ဆိုတာ ကိုတော့ အစည်းအဝေး ထိုင်ပြီး ထုတ်ပြန် ကြေညာ သွားမယ် လို့ ဒေါက်တာ မောင်အောင်က ပြောပါတယ်။ ဒီဘီဗွီ

သတင်း - ရန်နိုင်ဇော်ဝင်း

No comments:

Post a Comment