Latest News

Monday, April 10, 2017

( ရန်ကုန်သင်္ကြန် မဏ္ဍပ်များတွင် VVIP Member လက်မှတ်တစောင် ကျပ် ၁၂ သိန်းအထိ ပေါက်ဈေးရှိ )

( ရန်ကုန်သင်္ကြန် မဏ္ဍပ်များတွင် VVIP Member လက်မှတ်တစောင် ကျပ် ၁၂ သိန်းအထိ ပေါက်ဈေးရှိ )

ရန်ကုန်သင်္ကြန်လေးရက်အတွင်း မဏ္ဍပ်ထိုင်၍ ရေကစားလိုသူများအတွက် ယမကာ အပါအ၀င် နေ့လည်စာ၊ ညစာ ပျော်ပွဲရွှင်ပွဲများစွာနှင့်အတူ VVIP member လက်မှတ်တစောင်လျှင် ကျပ် ၁၂ သိန်းအထိ ပေါက်ဈေးရှိကြောင်း သင်္ကြန်မဏ္ဍပ်ကြေငြာချက်များအရ သိရသည်။

ပြည်လမ်းအင်းယားကန်ဘောင်အနီး တံတားနီမှတ်တိုင်ရှေ့ EXODUS မဏ္ဍပ်၏ လက်မှတ်အရောင်းတာဝန် ရှိသူတဦးက“VVIP Membership တစောင် ၁၂ သိန်းပါ။ လက်မှတ်တစောင်အတွက် လူငါးယောက်စာ တ၀ိုင်းစီစဉ်ပေးပါတယ်။ VIP Membership တစောင် ၈ သိန်းပါ။ VVIP နဲ့ VIP နဲ့က အရက်အမျိုးအစား ကွာသွားမယ်။ VVIP က တရက်ကို Gold Label တလုံးပေးမယ် VIP အတွက် Double Black ပေးတယ်။ ၁၂ သိန်းနဲ့ ၈ သိန်းက ၅ ယောက်စာ တ၀ိုင်းအတွက်က အတူတူပဲ။ Gold Label နဲ့ Double Black ပဲ ကွာသွားတာပါ။ တ၀ိုင်းငါးယောက် ၀င်လို့ရပါတယ်”ဟု ပြောသည်။

ပြည်လမ်းပေါ်ရှိ မဏ္ဍပ်အများစုသည် မဏ္ဍပ်အထိုင် ရေကစားရန်အတွက် တရက်လျှင် ကျပ် ၂ သောင်းဝန်းကျင် မှ ၄ ရက်စာ ကျပ် ၇ သောင်းအထိ ပေါက်ဈေးရှိပြီး VIP တစောင်အတွက် ကျပ် ၁ သိန်းခွဲထိ ဈေးဖွင့်ရောင်းချင် သော မဏ္ဍပ်များလည်းရှိသည်။ ယင်းတို့အနက် ယခုနှစ်သင်္ကြန် VVIP Member Ship လက်မှတ် ၁၂ သိန်းနှင့် VIP Membership လက်မှတ် ၈ သိန်းသည် အမြင့်ဆုံးဈေးဖြစ်သည်ဟု စုံစမ်းသိရသည်။

News Watch

No comments:

Post a Comment