TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ခရီးသည်တစ်ဦးအား လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့
10-4-2017
သိန္နီမြို့နေ မခွန်နန်၊ ၃၂နှစ်၊ သည် လားရှိုးမှ မူဆယ်သို့ ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်ငယ် ပရိုဘောက် အများအစားဖြင့် သိန္နီမှ မူဆယ်သို့ လိုက်ပါလာခဲ့ပြီး လမ်းခရီး၌ ကားရပ်၍ အပေါ့သွားနေစဉ် ကားလမ်း အနောက် ဘက်ခြမ်းမှ လက်နက်ငယ်ဖြင့် ၂ချက်ပစ်ခတ်ခဲ့သဖြင့် လက်မောင်းနှင့် ပုခုံးအား ထိမှန်ခဲ့ပြီး ယာဉ်ပေါ်သို့ ပြန်တက်စဉ် လက်နက်ငယ်ဖြင့် ၃ချက်ခန့် ထပ်မံပစ်ခတ်မှုကြောင့် ယာဉ်၏တံခါးမှန်အား ထိမှန်ကာ ယာနှုတ်ခမ်း မှန်စထိမှန် ပြတ်ရှ ဒဏ်ရာများရရှိခဲ့သည်။
မခွန်နန်သည် ရရှိဒဏ်ရာများအား ကွတ်ခိုင်ပြည်သူ့ဆေးရုံတွင် ကနဦး ဆေးကုသမှုခံယူခဲ့ပြီး ဒဏ်ရာပြင်းထန်သဖြင့် ညနေ၆နာရီခွဲခန့်တွင် ဆေးရုံလူနာတင်ယာဉ်ဖြင့် လားရှိုးပြည်သူ့ဆေးရုံသို့ ဆက်လက်ထွက်ခွာသွားကြောင်းသိရ သည်။
အကြမ်းဖက်သောင်းကျန်းသူများသည် အများပြည်သူသွားလာနေသောလမ်းများတွင် ယခုကဲ့သို့ အပစ်မဲ့ပြည်သူ များအား ပစ်ခတ်ခြင်း၊ ဆက်ကြေးကောက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ မကြာခဏလုပ်ဆောင်နေကြောင်း ဒေသခံရွာသားတစ်ဦး၏ပြောပြချက်အရ သိရသည်။
မိုင်းဥာဏ်
#credit;Lashio Thar
No comments:
Post a Comment