ပထမဆုံးအကြိမ်ချီးမြှင့်တဲ့ Schuman Award ရရှိသူတွေထဲမှာ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ပါဝင်
ဧပြီ ၄ ရန်ကုန်။ . ။ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်ရုံးမှ ပထမဦးဆုံးအကြိမ်အဖြစ် ပေးအပ်တဲ့ ချုမန် Schuman Award ဆု ချီးမြှင့်ခံရသူသုံးဦးထဲမှာ တရားလွှတ်တော်ရှေ့နေ ဦးကိုနီပါ ပါဝင်တယ်လို့ သိရပါတယ်။
အဲသည့်ဆုကို ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့က ရန်ကုန်မြို့မှာကျင်းပတဲ့ ဥရောပသမဂ္ဂအဖွဲ့မှ ပြဌာန်းထားတဲ့ (ရောမ စာချုပ်) နှစ် ၆၀ ပြည့်အထိမ်းအမှတ် အခမ်းအနားမှာ ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။
“ဝမ်းသာပါတယ်၊ ဂုဏ်လည်း ယူတယ်။ ပထမဆုံးပေးတဲ့ဆု ပထမဦးဆုံးရရှိတဲ့ သုံးယောက်ထဲမှာ ပါတဲ့အတွက် ဂုဏ်ယူပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကိုတော့ သူ့ရဲ့ဇနီးနဲ့ သမီးအကြီးက ကိုယ်စား လာယူပေးသွားတယ်” လို့ ဆုရရှိသူတစ်ဦးဖြစ်တဲ့ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ကိုအောင်မျိုးမင်းက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ EU အနေနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှု၊ မြန်မာနိုင်ငံရဲ့လူအခွင့်အရေးနဲ့ ပတ်သတ်ပြီးတော့ လုပ်ဆောင်နေတဲ့ လူတွေကို အသိအမှတ်ပြုတာဟာ တကယ်ကို အသိအမှတ်ပြုသင့်တဲ့အရာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ EU ရဲ့ဆုပေးစံသတ်မှတ်နှုန်းတွေမှာ လူဂုဏ်သိက္ခာကိုလေးစားခြင်း၊ လွတ်လပ်မှု၊ တန်းတူညီမျှခြင်းနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို အခြေခံထား သတ်မှတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
အဲသည့်ဆုဟာ ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးတက်ကြွ လူပ်ရှားသူတွေကို ပထမဦးဆုံး ရွေးချယ်ချီးမြှင့် ပေးအပ်ခဲ့တာ ဖြစ်ပြီး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၊ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာကိုအောင်မျိုးမင်း၊ ငြိမ်းဖောင်ဒေးရှင်းမှဒါရိုက်တာ ဒေါ်ဂျာနာမ် တို့ကို ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဝင်းနန္ဒာ( kumudra )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment