Latest News

Wednesday, April 26, 2017

School Bus ပြုလုပ်မည့် ကိစ္စနှင့် ပတ်သက်ပြီး ကျောင်းအချို့မှ တာဝန်ရှိ သူများအား ဦးဖြိုးမင်းသိန်း ခေါ်ယူတွေ့ဆုံ

School Bus ပြုလုပ်မည့် ကိစ္စနှင့် ပတ်သက်ပြီး ကျောင်းအချို့မှ တာဝန်ရှိ သူများအား ဦးဖြိုးမင်းသိန်း ခေါ်ယူတွေ့ဆုံ


School Bus ပြုလုပ်မည့် ကိစ္စနှင့် ပတ်သက်ပြီး ကျောင်းအချို့မှ ကျောင်း အုပ်ကြီး များ အပါအ၀င် တာဝန်ရှိသူများအား ရန်ကုန်တိုင်းဒေသကြီး ဦးဖြိုးမင်းသိန်းက မတ် ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်းရှိ School Bus ပြုလုပ်ရန် သင့်တော်မည့် ကျောင်းပေါင်း ၂၆ ကျောင်းမှ ကျောင်းအုပ်ကြီးများကို ခေါ်ယူတွေ့ဆုံသည့်ကာ ကျောင်းကြို့ပို့ယာဉ်များ ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဦးဖြိုးမင်းသိန်း၏ ဖေ့စ်ဘုတ်စာမျက်နှာပေါ် တွင် “၂၅-၄-၂၀၁၇ ရက်နေ့ နေ့ ၁ နာရီ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ခန်းမ -၃ တွင် ပြုလုပ်သော School Bus ပြုလုပ်သင့်  သည့် ကျောင်းများမှ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်း အစည်း အဝေး”ဟု ဖော်ပြထားသည်။

ထို့သို့ဆွေးနွေးရာတွင် လက်ရှိပို့ဆောင်နေသည့် ကျောင်းကားများအား မဆွဲရန်ပြောဆိုခဲ့ခြင်းများ မရှိကြောင်း၊ နိုင်ငံတကာတွင် ပြေးဆွဲနေသည့် အ၀ါရောင် ကျောင်းကား ပုံစံပြေးဆွဲမည့် ကိစ္စနှင့် ပတ်သက်ပြီး ပုဂ္ဂလိက စီစဉ်မည်ဆိုပါက စီစဉ်ရန်နှင့် ပုဂ္ဂလိက အစီအစဉ်ဖြင့် မပြုလုပ်နိုင်ပါက ၎င်းတို့ဘက်မှ စီစဉ်ပေးမည်ဆိုသည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သည့် ကျောင်းအုပ်ဆရာကြီး တစ်ဦးကပြောသည်။

ယင်းက “School Bus ကိစ္စပြောကြတာ ဖြစ်ပါတယ်။ ကျန်တာ .တော့ ထွေထွေ ထူးထူး ပြောတာမရှိဘူး။ ဒါကို ညှိညှိနှိုင်းနှိုင်းလုပ်ဖို့ အတွက် ကျောင်းအုပ်ကြီးတွေ ခေါ်တွေ့တုန်း ပြီးတော့မှသာလျှင် သူတို့ပြန်ဆုံပြီးတော့ ဆုံးဖြတ်ချက်ချမယ်လို့ သိရတယ်။ ဘယ်တော့ လုပ်မလဲဆိုတာ မပြောသေးဘူး။ အားလုံးက တိုင်ပင်ဆွေးနွေး ကြရဦးမှာပေါ့”ဟု ပြောသည်။

အဆိုပါ ကျောင်းကားကြိုပို့ယာဉ်များ ကိစ္စနှင့်ပတ်သက်ပြီး အစည်းအဝေး ထပ်မံခေါ်ယူရန် အစီအစဉ်ရှိကြောင်း သိရသည်။

The Ladies News

No comments:

Post a Comment