Latest News

Sunday, April 30, 2017

RCEP မှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှု မြှင့်တင်မည်ဟု အာဆီယံ ခေါင်းဆောင်များ ပြောကြား

RCEP မှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှု မြှင့်တင်မည်ဟု အာဆီယံ ခေါင်းဆောင်များ ပြောကြား

မနီလာ၊ ဧပြီ ၃၀ ရက်

အာဆီယံ ထိပ်သီး အစည်းအဝေးအတွင်း ဒေသဆိုင်ရာ ဘက်စုံ စီးပွားရေး မိတ်ဖက်ဆက်ဆံရေး (Regional Comprehensive Economic Partnership= RCEP) အား ညှိနှိုင်းဆွေးနွေးမှု လုပ်ငန်းစဉ်အပေါ် အရှေ့တောင် အာရှနိုင်ငံများအသင်း (ASEAN) မှ ခေါင်းဆောင်များက ကြိုဆိုလိုက်ကြသလို အဆိုပါ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်ကြီး မှတစ်ဆင့် ကမ္ဘာ့ ကုန်သွယ်မှုကို မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အရှေ့တောင် အာရှ နိုင်ငံများအသင်း ခေါင်းဆောင်များသည် ဧပြီလ ၂၉ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် စုပေါင်း တွေ့ဆုံကာ အာဆီယံအနေဖြင့် ပိုမို ခိုင်မာတောင့်တင်းရန်နှင့် လက်ရှိ ရင်ဆိုင်နေရသော စိန်ခေါ်မှုများ ရင်ဆိုင်ရန် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။

ယခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံက အလှည့်ကျ တာဝန်ယူထားခြင်း ဖြစ်သည်။
ဖိလစ်ပိုင်က RCEP အား လျင်မြန်စွာ အကောင်အထည်ဖော်ရန် ကတိပြုထားသလို အာဆီယံ၏ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်များဖြင့် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် နယူးဇီလန် စသည့် ကုန်သွယ်ဖက် နိုင်ငံများနှင့် အတူတကွ ဆက်ဆံသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
(ဆင်ဟွာ)

No comments:

Post a Comment