Queen အက်ႌ ရောင်းရငွေနဲ့ ပထမဆုံးအလှူလုပ်ခဲ့တဲ့ စန္ဒီမြင့်လွင်
သင်္ကြန်ကတော့ ရန်ကုန်မှာ ရှိမယ်လို့ သိရပါတယ်။
အဆိုတော် စန္ဒီမြင့်လွင်ကတော့ Queen အင်္ကျီ ရောင်းရငွေထဲမှ ပထမဆုံး အလှူကို YGW မိဘမဲ့ ကလေးကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အင်္ကျီရောင်းရငွေထဲက ရှင်ငါးပါးအတွက် သင်္ကန်စီးရှင်ပြရဟန်းခံအလှူလေးမှာ ပါဝင်ခဲ့တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
သူမပြုလုပ်တဲ့ အလှူအတန်းကိုလည်း ပရိသတ်တွေ သာဓုခေါ်နိုင်ဖို့ကိုလည်း ဖေ့စ်ဘွတ်ကနေ တစ်ဆင့်ပြောပြ ထားပါတယ်။ သူမအနေနဲ့ကျောင်းမှာရှိတဲ့ ကလေးလေးတွေကိုလည်း သွားရောက်တွေ့ဆုံခဲ့ကာ ကလေးလေး တစ်ယောက်ရဲ့ အပြုအမှုလေးနဲ့ ပတ်သက်ပြီး စိတ်မကောင်း ဖြစ်မိတယ်လို့ ယခုလိုရေးသားထားပါတယ်။
"ဒီနေ့ ရင်ထဲထိတဲ့ပုံလေးပါ YGWမိဘမဲ့ကလေးကျောင်းမှာ Queen အင်္ကျီရောင်းရတဲ့ပထမဆုံးအလှူအနေနဲ့ ရှင် ငါးပါးသင်္ကန်းစီးပေးခဲ့ပါတယ်။ အဲ့ကျောင်းကကလေးလေးက ကိုယ့်ကိုပြန်ဖက်ထားရှာတာမလွတ်တော့ဘူး စိတ်မကောင်းဖြစ်မိတယ် ကိုယ့်ကိုသူ့ အမေမှတ်နေရှာတယ်။"လို့ ဆိုပါတယ်။
စန္ဒီမြင့်လွင်ကတော့ သင်္ကြန်မှာ ရန်ကုန်မှာ ရှိမယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ ၊ ၁၉ လမ်း sky net မဏ္ဍပ်တွင် ညနေပိုင်းတွေမှာ သီချင်းဆိုဖြစ်မယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေါ်က တစ်ဆင့် ပရိသတ်တွေကို အသိပေးထားပါတယ်။
Photo : စန္ဒီမြင့်လွင် ဖေ့စ်ဘွတ်
Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment