Latest News

Friday, April 28, 2017

အမျိုးသား အဝေးလုပ်က ရလာတဲ့ ငွေသိန်း ၂၀ ယူဆောင်ပြီး Online သုံးသူတဦးနှင့် လိုက်ပြေးတဲ့ အမျိုးသမီး


 မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် အရှေ့ မန်ကြီးပင်ရွာနေ မအေးအေးသင်း(ခ)ဒေါ်ငယ် အသက် ( ၃၅) ဆိုသူသည် 29.3.2017 နေ့ က Online သုံးသူ ဓါတ်ပုံပါ အမျိုးသားတစ်ဦးနှင့် လိုက်ပြေးသွားခဲ့ကြောင်း သတင်းပို့ကူညီတောင်ခံလာပါသည်။  ယောက်ကျားဖြစ်သူ ကိုခင်မောင်အေး နှင့် သမီးဖြစ်သူ ၁၀ တန်းကျောင်းသူတို့မှ အကူညီတောင်ခံလာခြင်း ဖြစ်ပါတယ်။

 ဖြစ်စဉ်မှာ မအေးအေးသင်းသည် online ပေါ်က အမျိုးသားနှင့် ဖြစ်နေကို သမီးကသိရှိခဲ့ပေမယ့် မိဘတွေ ရန်ဖြစ်မှာစိုးရိမ်ပြီး  ဖခင်ကို ပြန်ပြောမပြခဲ့ဘူးဟု သိရပါတယ်။ ယောက်ကျားဖြစ်သူ အဝေးမှာ အလုပ်လုပ်သူဖြစ်ပြီး အလုပ်မှပြန်လာကာ ပါလာသော ငွေသိန်း (20) အား လိုက်ပြေးသူ မအေးအေးသင်းမှ ယူဆောင်သွားခဲ့တယ်လို ဆိုပါတယ်။ မိခင်ဖြစ်သူနဲ့ ဖြစ်နေသောသူ အမျိုးသား၏ ဓါတ်ပုံကို သမီးဖြစ်သူမှ ကူယူကာထားတယ်လို့ပြောပါတယ်။ ယင်းတို့သုံးသော ဖုန်းများကို ဆက်သွယ်တော့လဲမရရှိခဲ့ပြီး ခိုးပြေးသူ online ပေါ်မှ အမျိုးသား၏ ဖုန်းနံပါတ်များမှာ 09442360325 09974244990 တို့သုံးစွဲပြီး ယင်းဖုန်းနံပါတ်များအား ဆက်သွယ်၍ မရရှိခဲ့ပါ။

 ယောက်ကျားဖြစ်သူသည် အေးအေးဆေးဆေးသမားဖြစ်ကာ သူ၏ ပါလာသောငွေအား ယင်းအမျိုးသမီးက သယ်ဆောင်သွားသောကြောင့် ပေါင်ထားသောအိမ်အား ပြန်မရွေးနိုင်တော့ပဲ လမ်းဘေးရောက်တော့မည့် ဘဝဖြစ်နေသောကြောင့် ကူညီပေးကျပါရန် တောင်းခံလာပါတယ်။

 ပုံပါသူ အမျိုးသမီး မအေးအေးသင်း နှင့် ပုံပါသူ online အမျိုးသားအား တွေ့ရှိပါက ဆက်သွယ်ပေးကျ
ပါရန် ယောက်ျားဖြစ်သူ  ကိုမောင်မောင်အေးမှ   မိန်းမဖြစ်သူကို ပြန်လာစေချင်ကြောင်း ပြောပါတယ် ။  ရဲစခန်းကိုလဲ တိုင်ကြားချင်းမရှိသေးသည့်အတွက် ယင်းတို့အား တွေ့ရှိပါက 09265956608 09454036630 ဖုန်းနံပါတ်တို့အား ဆက်သွယ် ကူညီပေးကြပါရန် ရေးသား ဖော်ပြလိုက်ပါသည်။

MCNews
Source: MCRA





No comments:

Post a Comment