Latest News

Wednesday, April 26, 2017

Mister Asia Myanmar 2016 တေဇာလင်း ကို ကာမလိမ်လည်မှုဖြင့်တရားစွဲဆိုထားရာ တာမွေမြို့နယ်တရားရုံးမှ အာမခံပေး

Mister Asia Myanmar 2016 တေဇာလင်း ကို ကာမလိမ်လည်မှုဖြင့်တရားစွဲဆိုထားရာ တာမွေမြို့နယ်တရားရုံးမှ အာမခံပေး


Mister Asia Myanmar 2016 တေဇာလင်း ကို ကာမလိမ်လည်မှုဖြင့် တရားလို မစင်သီယာနော့မှ တရားစွဲဆိုထားရာ  တာမွေမြို့နယ်တရားရုံးမှ  ယနေ့တွင် အာမခံပေးခဲ့ကြောင်း တာမွေမြို့နယ်တရားရုံးမှ သိရသည်။

ဧပြီ ၂၆ ရက် နေ့လည် ၁ နာရီ တွင် တာမွေမြို့နယ် တရားရုံးသို့  တရားလို မစင်သီယာနော့မှ  ဦးတိုက်လျှောက်ထားရာမှ  ကာမလိမ်လည်မှုဖြင့် တရားစွဲဆို ခံထားရသူ Mister Asia Myanmar 2016ဆုရှင် တေဇာလင်း ကို အာမခံ ပေးခဲ့ခြင်းဖြစ်သည်။
တာမွေမြို့နယ်တရားရုံးမှ တရားသူကြီး က ရုံးချိန်ကို ယနေ့နံနက် ၁၀ နာရီတွင် ဆင့်ခေါ်ထားသော်လည်း တရားစွဲဆိုခံထားရသူ တေဇာလင်း သည် မွန်းလွဲတစ်နာရီမှ တရားရုံးသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ယခုတရားရုံးမှ ဆင့်ခေါ်ခြင်းသည် ခြောက်ကြိမ်မြောက် ရှိပြီဖြစ်ပြီး ယခုခြောက်ကြိမ်မြောက် မှ သာ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဦးတေဇာလင်းကိုမသိပါဘူး။ ဒီကိုရောက်လာတာ။ ပတ်သက်ရာပတ်သက်မှုတွေနဲ့ ရောက်လာခဲ့တာပါ။ သူ က အကူအညီတောင်းလို့ ရောက်လာတာပါ။ နောက်ထပ်ရုံးချိန်း သူမလာဘူး ဆို ရင် ဦးလေးတို့ ဒုက္ခရောက်ပါပြီ’’ဟု အာမခံပေးသူ ဦးတင်အောင်က အကုန်သိသတင်းဌာနကို ပြောသည်။

တေဇာလင်းအား အာမခံပေးရာတွင် အာမခံသူတစ်ဦးအနေဖြင့် တရားရုံးသို့ ငွေကျပ်သိန်း ၃၀ ဖြင့် အာမခံပေးရမည်ဖြစ်ကာ နှစ်ယောက်ပေါင်းအနေဖြင့် ငွေကျပ် သိန်း ၆၀  ဖြင့် တေဇာလင်းကို အာမခံပေးခဲ့ခြင်းဖြစ်သည်။အကယ်၍ တေဇာလင်းမှ နောက်ထပ်ရုံးချိန်းများသို့ရောက်ရှိမလာပါက တရားရုံးသို့ အာမခံပေးထားသူ
ဦးမြသိန်းနှင့်ဦးတင်အောင်နှစ်ဦးသည် တရာရုံးသို့ ငွေကျပ်သိန်း ၃၀ စီ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

“ညီမကမွေးခါနီးပြီလေ၊  နောက်ထပ်ရုံးချိန် ကိုတော့ မလာနိုင်လောက်ဘူး ထင်ပါတယ်။ညီမ ရှေ့နေပဲ တရားရုံးကို လာဖို့များပါတယ်’’ဟု တရားလို မစင်သီယာနော့က အကုန်သိသတင်းဌာနကို ပြောသည်။
Mister  2016 ဆုရှင် တေဇာလင်းကို အင်တာ ဗျုး ခွင့် တောင်းဆိုသော်လည်း လုံးဝ အချိန်မပေးနိုင်သေးကြောင်း ၊ပွဲသွားရန် ရှိသေးသဖြင့် နောက်ရက်များတွင် ဆက်သွယ်ပြီး ဖြေဆိုသွားမည်ဖြစ်ကြောင်း တေဇာလင်းမှ အကုန်သိသတင်းဌာနကို ပြောသည်။

“ကျွန်တော်က တေဇာလင်း မန်နေဂျာပါ။ အာမခံပြီးတာနဲ့ ပွဲသွားဖို့ရှိသေးလို့ ဒီနေ့မဖြေရှင်းနိုင်သေးပါဘူး”ဟု တေဇာလင်းမန်နေဂျာက အကုန်သိသတင်းဌာနကို ပြောသည်။
  မြင့်မိုရ်မေ (Akon Thi)

No comments:

Post a Comment