Latest News

Tuesday, April 11, 2017

လားရှိုးမြို့တွင် ဖွင့်လှစ်ထားသော “၀” အဖွဲ့ ဆက်ဆံရေးရုံးအား ရဲတပ်ဖွဲ့မှ ၀င်ရောက်ရှာဖွေခြင်း ဖြစ်စဉ်နှင့် ပတ်သတ်ပြီး အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးအား The Ladies News မှ ဆက်သွယ်မေးမြန်းချက်

လားရှိုးမြို့တွင် ဖွင့်လှစ်ထားသော “၀” အဖွဲ့ ဆက်ဆံရေးရုံးအား ရဲတပ်ဖွဲ့မှ ၀င်ရောက်ရှာဖွေခြင်း ဖြစ်စဉ်နှင့် ပတ်သတ်ပြီး အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးအား The Ladies News မှ ဆက်သွယ်မေးမြန်းချက်


မေး - ဧပြီလ ၈ ရက်က လားရှိုးမှာဖွင့်ထားတဲ့ “၀” ဆက်ဆံရေးရုံးကို ရဲတပ်ဖွဲ့ ကနေပြီး ၀င်ရောက်ရှဖွေတဲ့ အတွက်၊ “၀” ကနေပြီးတော့ ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ထားတာလည်း ဦးဇော်ဌေး တို့လည်း သိရှိပြီး ဖြစ်ပါတယ်၊ ဒါကြောင့် အတိုင်းပင်ခံရုံး ဘက်ကနေပြီး ဘယ်လို အကြောင်း ပြန်ကြားထား သလဲဆိုတာ သိချင်ပါတယ် ခင်ဗျာ။
.
ဖြေ - ကျွန်တော်တို့ အဲဒီကြေညာချက်ကို တွေ့တဲ့အချိန်မှာ ပြည်ထဲရေးနဲ့ တပ်မတော်ပိုင်းက တာဝန်ရှိသူတွေကို မေးမြန်းပါတယ်။ “၀” ကြေညာချက်ကို ကြည့်လိုက်ပါ။ ဧပြီလ ၇ ရက်နေ့ဖြစ်စဉ် ဘာဖြစ်လဲဆိုတာ ဖော်ပြမထားဘူး၊ အဲတော့ ဧပြီလ ၇ ရက်နေ့ ဘာဖြစ်လဲဆိုတာ မေးတယ်။ ဧပြီလ ၇ ၇က်နေ့မှာ “၀” လာရှိုးဆက်ဆံရေးရုံး စီးပွားရေး ဒုတိယတာဝန်ခံ အားခေါင်က သူ့အမျိုးသမီးနဲ့ စကားများပြီးတော့ လမ်းပေါ်မှာ သေနတ်နဲ့ ပစ်တယ်ပြော တယ်။ သေနတ်ပစ်သံကြားတော့ တာဝန်ရှိတဲ့ ရဲတွေ လာစစ်ဆေးတဲ့ အချိန်မှာ M 22 သေနတ်တစ်လက်၊ နောက် ပစ်ထားတဲ့ ကျည်ခွံ ၁၀ တောင့်ရှိတယ်၊ ကျည်အိမ်နှစ်ခု ကျည်ဆန်က ၄၆ တောင့်ပါတယ။် ထွန်းထွန်းအောင် (ခေါ်) အားခေါ်က သူ့မိန်းမနဲ့ စကားများပြီးတော့ ပစ်တယ်လို့ သိရတယ်။ တောင်းကြီးမြို့မှာ ဒီလိုမျိုး သေနတ်နဲ့ ပစ်တယ်ဆိုတော့ တာဝန်ရှိသူတွေက စိစစ်ပြီး စစ်ဆေးတဲ့အခါမှာ ဒီသေနတ်က ဘယ်သူ့ သေနတ်လဲဆိုတော့ သူ့အဖေသေနတ်လို့ ပြောတယ်။
.
သူ့အဖေ ဦးသာလျှံ ရဲ့ သေနတ်။ ဘယ်က ယူလာတာလဲဆိုတော့ လားရှိုး ဆက်ဆံရေးရုံးက ယူလာတာလို့ ပြောတယ်။ လာရှိုးဆက်ဆံရေးရုံးမှာ သူ့အဖေရှိတယ်။ အဲဒီ ဧပြီလ ၇ ရက်နေ့ဖြစ်စဉ်ရဲ့ နောက်ဆက်တွဲ ကွင်းဆက်အနေနဲ့ ၈ ရက်နေ့မှာ လားရှိုးဆက်ဆံရေးရုံးကို သွားရှာတာ ရှာတဲ့အခါမှာလည်း ရဲတပ်ဖွဲ့ဝင်တွေရယ်၊ နောက် စရဖ ( စစ်ဖက်ရေးရာ) ရယ်၊ နောက် အုပ်ချုပ်ရေးတာဝန်ရှိတဲ့ သူတွေရယ်၊ နောက်အရေးကြီးတာက ၀ရမ်းပါတယ်။ ၀ရမ်းနဲ့ သွားပြီးပြောတယ်။ ပြောတဲ့အချိန်မှာ “၀” ဆက်ဆံရေး ရုံးမှာ လူမရှိတာ မဟုတ်ဘူး၊ လူရှိတယ်။ ဘယ်သူရှိလဲဆိုတော့ ဦးညီလျှံ ရှိတယ်လို့ ပြောတယ်။ နောက်တစ်ချက်က ဦးညီလျှံရဲ့ ဇနီးရှိတယ်။ စကားပြန်ရှိတယ် ပြောတယ်။ ဦးသာလျှံက ပန်ဆန်းကို သွားနေတယ်ပြော တယ်။ အိမ်ထဲကို ရှာတဲ့အချိန်မှာ ဦးသာလျှံရဲ့ အခန်းက သော့ပိတ်ထားတယ် ပြောတယ်။ အဲဒီအခန်းကို ဖွင့်ခိုင်းတော့ သော့ပိတ်ထားတယ်ဆိုတော့ သော့ပြင်တဲ့သူကို ခေါ်ပြီး ဖွင့်ခိုင်းတဲ့အချိန်မှာ ဘာတွေ့ရလဲဆိုတော့ 7.6 ကျည် ၂၈ တောင့်၊ MB 22 ကျည်အိမ်တစ်ခု၊ ထင်းရှူး သေတ္တာ တစ်လုံးမှာ အစိမ်းရောင် ဒီတိုနီတာ တစ်ရာဆီပါတဲ့ ဘူး ၁၀ ဘူး၊ ၁၀ ဘူးဆိုတော့ တစ်ထောင်ပေါ့။ အဲလိုဘူးမျိုးက သေတ္တာသုံးလုံးဆိုတော့ သုံးထောင်၊ နောက်ပြီး ၇၅၀ ရှိတဲ့ အဖြူရောင်ယမ်းကြိုး တစ်ခု သိမ်းမိတယ်၊ ဒီတိုနီတာ ဆိုတာ စနက်ကြိုးပေါ့၊ စနက်နဲ့ ယမ်းကြိုးနဲ့ပေါင်းပြီးရင် ပေါက်ကွဲစေတတ်တဲ့ ဓာတုဗေဒတို့ ဘာတို့ ရရင် မိုင်းဖြစ်သွားပြီ။ အဲ့တော့ စနက်ပါင်းက အလုံးပေါင်း သုံးထောင်လောက် ရှိတယ်။ ဒီအနေအထားတွေက ရှာဖွေ ဖမ်းဆီး ရမိတာပေါ့။ ၈ ရက်နေ့ဖြစ်စဉ်မှာပဲ အတင်းအဓမ္မ ရိုက်ချိုးဖျက်ဆီးတာ မဟုတ်ဘူးလို့ ကျွန်တော်တို့က မေးမြန်းပြီးတော့ သိရှိရတယ်။
.
အဲတော့ ကြေညာချက်မှာပါတဲ့ ဖြစ်စဉ်တွေကို ကြည့်လိုက်တော့ ကြေညာ ချက်မှာ ဒီဖြစ်စဉ်တွေကို တိတိကျကျ ဖော်ပြမထားဘူး။ နံပါတ်တစ်အချက်က ဒီကိစ္စသည် အားခေါင် သူကနေ စလိုက်တာ။ ပုဂ္ဂိုလ်ရေး ပြသ၁နာပေါ့။ Personnel Case သာ ဖြစ်တယ်၊ Personnel Case ကို ကျွန်တော်တို့က ဥပဒေနဲ့ နှစ်ဖက် သဘောတူညီချက်တွေနဲ့ အညီ ညှိနှိုင်းဖြေရှင်းသွားလို့ ရပါတယ်။ ဒါအဖွဲ့အစည်းချင်း ဟိုဟာဖြစ်တဲ့ ကိစ္စလည်း မဟုတ်ဟူး။ နောက် နံပါတ်နှစ် အချက်က အရေးကြီးတယ်။ ဒီဖြစ်စဉ်တွေ ဒီလိုဒီလို ဖြစ်တယ်ဆိုတာ UWSA ခေါင်းဆောင်ပိုင်းက သေချာသိရဲ့လား။ တောင်ကြီးလို နေရာမျိုးမှာ လမ်းပေါ်မှာ သေနတ်ဖော်တယ်ဆိုတော့ စဉ်းစားကြည့်ပေါ့။ ကြေညာချက်မှာ ပါသလို ရိုက်ချိုးပြီးဝင်တာ မဟုတ်ဘူး။ ၀ရမ်းနဲ့ ၀င်တယ်။ သော့တောင်မှ သော့ပြင်တဲ့သူကို ဖွင့်ပြီး ၀င်တယ်ဆိုတော့ ဒီလို လုပ်ဆောင်ချက်တွေကို သိရောသိရဲ့လား အသေးစိတ်ကိုပေါ့။ အဲဒါကိုတော့ ကျွန်တော်တို့က သံသယနည်းနည်း ဖြစ်တယ်။ ဆိုလိုတာက ဆက်ဆံရေးရုံးမှာ တာဝန်ရှိတဲ့ သူတွေက သူရဲ့အထက်ဌာန ပန်ဆန်းဌာနချုပ်ကို ပြည့်ပြည့်စုံစုံ သတင်းပို့ရဲ့ လား၊ အစီရင်ခံ တင်ပြရဲ့လားပေါ့။ ဒီအချက်အလက်တွေပေါ်မှာ နှစ်ဖက် သဘောထား ကွဲလွဲသွားရင် အဖွဲ့အစည်းနဲ့ ပတ်သက်တာတွေ ဖြစ်လာနိုင် တယ်ပေါ့။ ဒါကြောင့်မိုလို့ အချက်အလက် သိအောင် ပြည့်ပြည့်စုံစုံ တင်ပြရဲ့လားဆိုတာ ကျွန်တော်တို့ မေးစရာ ရှိပါတယ်။ တတိယအချက်က ဒီကြေညာချက်ကလည်း ဒီလို ဒီလို ထုတ်တယ်ဆိုတာ သူ့ရဲ့ခေါင်းဆောင်ပိုင်း သိရဲ့လားပေါ့။ သိရဲ့လားဆိုတာ ဖြစ်စဉ်တွေ ကျွန်တော်တို့ ပြန်ကြည့်တဲ့အခါမှ ရဲဘက်ကိုလည်း မေးထားတယ်။ ဥပဒေနဲ့အညီ လုပ်တာကိုင်တာ ဟုတ် မဟုတ်ပေါ့၊ နောက်တစ်ချက်က သေနတ်နဲ့ မိုင်းခွဲလို့ရတဲ့ ဒီတိုနီတာတွေ ဒီလိုမျိုး ဆက်ဆံရေးရုံးမှာ ထားခွင့်ရှိသလားပေါ့။ ဆက်ဆံရေးရုံးတွေ ထားရခြင်း သဘောတူညီချက်တွေက ဘာတွေလဲ။ ဒါတွေကို ကျွန်တော်တို့က ပြန်ပြီးစိစစ်နေတယ်ပေါ့။
.
မေး - အခုအချိန်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းနေတဲ့ အချိန်လည်း ဖြစ်တော့၊ ဦးဇော်ဌေးတို့ အတိုင်ပင်ခံရုံး ဘက်ကလည်း “၀” ဌာနချုပ်ကို ဘယ်လို အကြောင်းပြန်ထားပါသလဲ။
.
ဖြေ - အဲဒီသုံးချက်ကို ကျွန်တော်တို့ မေးထားတယ်။ ကျွန်တော်တို့နဲ့ တိုက် ရိုက်တော့ မဟုတ်ဘူး။ ကြားမှာ Connect Person တွေရှိပါတယ်။ သူတို့က တစ်ဆင့် မေးထားတယ်။ နံပါတ်အချက်က ဒါသည် ပုဂ္ဂိုလ်ရေး Personnal Case သာဖြစ်တယ်။ ဒါကို အဖွဲ့အစည်းကိစ္စကို မရောက်အောင် ကျွန်တော်တို့ ညှိနှိုင်း ဆောင်ရွက်သွားလို့ ရတယ်။ နံပါတ်နှစ်အချက်က ဒီဖြစ်စဉ် ဖြစ်ရပ် အသေးစိတ် ဘာကြောင့် ဘယ်လို ဖြစ်တယ်ဆိုတဲ့ ဖြစ်စဉ်တွေသိရဲ့လား။ အချက်အလက် ပြည့်ပြည့်စုံစုံ ရရဲ့လားပေါ့။ နံပါတ်သုံးအချက်က ဒီကြေညာ ချက် ထုတ်ပြန်တာနဲ့ ပတ်သတ်ပြီးတော့ လည်း ခေါင်းဆောင်ပိုင်းက သိရဲ့လားပေါ့။ အဲလိုမျိုး အချက်အလက် မဆုံမလင်နဲ့ ဖုံးကွယ်ထားတဲ့ တင်ပြချက်တွေကို ထုတ်ပြန်တဲ့ အခါမျိုးတွေ ခေါင်းဆောင်ပိုင်းက သေသေ ချာချာ ဂဃနဏ သိရဲ့လား။ ဒီသုံးချက်ကို ဆက်သွယ် မေးမြန်းခိုင်း ထားပါတယ်။ အခုလို ဖြေကြားပေးတဲ့ အတွက် ကျေးဇူးပါ ဦးဇ်ာဌေး ခင်ဗျာ။
.
အောင်ရဲနောင်
The Ladies News

No comments:

Post a Comment