မင်္ဂလာမွန်ဈေး KTV များ ပိတ်သိမ်းလိုက်ခြင်းကိစ္စကို စည်ပင်မှ အသိပေး ကြေညာစာများကပ်
ယမန်နေ့ ညကတည်းက သူတင်ကိုယ်တင်ဖြစ်ခဲ့ကြသည့် မင်္ဂလာမွန်ဈေးရှိ KTV နှင့် ဖျော်ဖြေရေးဆိုင်များကို ပိတ်သိမ်းလိုက်ခြင်းသည် ယနေ့တွင်လည်း စည်ပင်နှင့် ဆိုင်မန်နေဂျာများ အချေအတင် ဆက်လက်ဖြစ်ပေါ်လာနိုင်သည်ဟု KTV မန်နေဂျာတစ်ဦးက ပြောသည်။
ယနေ့ မွန်းလွဲပိုင်းတွင် မင်္ဂလာမွန်ဈေး၏ ၀င်ပေါက်ထွက်ပေါက်များ၊ KTV နှင့် ဖျော်ဖြေရေးဆိုင်များ၏ ၀င်ပေါက်ထွက်ပေါက်များတွင် "ယမန်နေ့ ည ၁၂ နာရီမှ စ၍ ဆက်လက်လုပ်ဆောင်ခွင့်ကို
ပိတ်သိမ်းပြီးဖြစ်ကြောင်း" စည်ပင်(ဈေးများဌာန)မှ စာများကပ်ထားသည်ဟု သိရသည်။
KTV နှင့် ဖျော်ဖြေရေးဆိုင် တစ်ဆိုင်မှ မန်နေဂျာတစ်ဦးက "ကျွန်တော်တို့ကတော့ ဒီည ဆက်ဖွင့်ချင်တယ်။ ဒါပေမဲ့ ထိပ်တိုက်မတွေ့ဖြစ်အောင်တော့ ကြိုးစားသွားမယ်။ ၀န်ထမ်းတွေကိစ္စနဲ့
ပစ္စည်းတွေ ပြောင်းရရွှေ့ရကိစ္စတွေအတွက် အချိန်တစ်နှစ်လောက်တော့ ထပ်တိုးပေးစေချင်ပါတယ်" ဟု ပြောဆိုသွားကြောင်း ယနေ့ညနေမှာ ကြားသိရသည်။
သတင်းဓာတ်ပုံ-အံ့ဘွယ်ကျော် FB
Wednesday, April 12, 2017
မင်္ဂလာမွန်ဈေး KTV များ ပိတ်သိမ်းလိုက်ခြင်းကိစ္စကို စည်ပင်မှ အသိပေး ကြေညာစာများကပ်
မင်္ဂလာမွန်ဈေး KTV များ ပိတ်သိမ်းလိုက်ခြင်းကိစ္စကို စည်ပင်မှ အသိပေး ကြေညာစာများကပ်
Reviewed by Ar Ti
on
7:26 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment