Latest News

Saturday, April 29, 2017

ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ ပြုပြင်ရန် JICA က ဒေါ်လာ ၉၇ သန်း ချေး

ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ ပြုပြင်ရန် JICA က ဒေါ်လာ ၉၇ သန်း ချေ


ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံများ ပြုပြင်ရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA)က ကန်ဒေါ်လာ ၉၇ သန်း ချေးငွေ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။

အဆိုပါချေးငွေသည် ဖွံ့ဖြိုး မှုချေးငွေအကူအညီ (ODA)အ ဖြစ် ချေးခြင်းဖြစ်ပြီး ဧပြီ ၂၅ ရက်တွင် မြန်မာအစိုးရနှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်ဟု JICA က ထုတ်ပြန်ကြေညာ သည်။


 ‘‘ဒါက ဘီလူးချောင်းစီမံ ကိန်းနဲ့ ဆည်တော်ကြီး ရေအားလျှပ်စစ်စက်ရုံနှစ်ခု ပြင်ဖို့ချေးတာပါ’’ဟု JICA ၏ အကြီးတန်းစီမံကိန်းအရာရှိကပြောသည်။

JICA ချေးငွေဖြင့် ၂၈ မဂ္ဂါ ဝပ်ရှိသည့် ဘီလူးချောင်းရေအား လျှပ်စစ်စီမံကိန်းနှင့် ၂၅ မဂ္ဂါဝပ်ရှိသည့် ဆည်တော်ကြီးရေအား လျှပ်စစ်စီမံကိန်းမှ လျှပ်စစ်ဓာတ် အားပေး စက်ရုံနှစ်ခုကို ပြုပြင် မည်ဖြစ်သည်။

ဘီလူးချောင်း အမှတ် (၁) စက်ရုံကို ၂၀၂၁ တွင် စတင်ပြင် ဆင်မည်ဖြစ်သည်။ ထို့အတူ ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံ စက်အမှတ် (၂)ကို ၂၀၂၂ တွင် အသီးသီးပြင်ဆင်မည်ဟု ဆို သည်။

ဂျပန်အစိုးရသည် မြန်မာ နိုင်ငံကို အထောက်အပံ့အကူအ ညီ၊ ချေးငွေအကူအညီနှင့် နည်း ပညာဆိုင်ရာ အကူအညီဟူ၍ အကူအညီအမျိုးအစား သုံးမျိုး ပေးနေသည်။ ဖွံ့ဖြိုးမှုချေးငွေဆို သည်မှာ အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်း ကျသင့်သည့် ချေးငွေ ဖြစ်သည်။

လက်ရှိတွင် ဂျပန်အစိုးရက JICA မှ တစ်ဆင့် မြန်မာအစိုးရ ကို ဂျပန်ယန်း ၈၀၀ ဘီလီယံကူညီ ရန် သဘောတူညီထားသည်။ ထို့ အပြင် JICA ချေးငွေဖြင့် အမှတ် (၂) ဘီလူးချောင်းရေအားလျှပ် စစ်စီမံကိန်းကို အမေရိကန်ဒေါ် လာ ၆၇ သန်းဖြင့် အဆင့်မြှင့်ခဲ့ပြီး စီမံကိန်း လုပ်ငန်းစဉ်အတွက် ၂၀၁၃ မတ်လတွင် လက်မှတ်ရေး ထိုးခဲ့သည်။

အဆိုပါ စီမံကိန်းအတွက် ၂၀၀၂ ကလည်း အရေးပေါ်ပြင် ဆင်နိုင်ရန် ဂျပန်အစိုးရက ကန် ဒေါ်လာငါးသန်းကျော် ကူညီခဲ့ သည်။ အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ၁၆၈ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည်။ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် စက်ရုံ ၂၆ ရုံ၊ သဘာဝဓာတ်အား ပေးစက်ရုံ ၂၇ ရုံနှင့် အကြီးစား ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံတစ်ရုံရှိပြီး စုစုပေါင်း လျှပ် စစ်ဓာတ်အား ၅,၂၃၅ မဂ္ဂါဝပ် (စက်တပ်ဆင်ဓာတ်အား) ထုတ် လုပ်နိုင်သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနက တည်ဆောက်နေသည့် ရေအားလျှပ်စစ်စီမံကိန်း ခြောက် ခုရှိပြီး စုစုပေါင်း စက်တပ်ဆင် ဓာတ်အား ၁,၆၂၂ မဂ္ဂါဝပ်ရှိမည် ဖြစ်သည်။ အဆိုပါ စီမံကိန်း ခြောက်ခုမှာ ရွှေလီ (၃)၊ အထက် ရဲရွာ၊ အထက်ဘီလူးချောင်း၊ သူဌေး၊ အထက်ကျိုင်းတောင်းနှင့် အလယ်ပေါင်းလောင်း စီမံကိန်း တို့ဖြစ်သည်။

(7Day News)

No comments:

Post a Comment