Latest News

Sunday, April 23, 2017

လိုင်စင်မဲ့Hilux Surf တစ်စီး ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်းတွင် သိမ်းဆည်းရမိ

လိုင်စင်မဲ့Hilux Surf တစ်စီး ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်းတွင် သိမ်းဆည်းရမိ

ရန်ကုန် ဧပြီ ၂၃

ပြင်ဦးလွင်မြို့မှ မန္တလေးမြို့သို့ သွားရောက်မည့်Toyota Hilux Surf အမျိုးအစားယာဉ်တစ်စီးကို ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်း ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသဖြင့် အဆိုပါယာဉ်ကို သိမ်းဆည်းခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

မန္တလေး-မူဆယ်လမ်းကြောင်းပေါ် ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်း ပူးပေါင်းအဖွဲ့က တရားမဝင် ကုန်သွယ် မှုများကို စစ်ဆေးလျက်ရှိရာ အဆိုပါ လိုင်စင်မဲ့ယာဉ်ကို ဧပြီ ၂၁ ရက်က သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

တရားမဝင်ကုန်စည်များ တားဆီး ထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံ အထက်ပိုင်း ကုန်သွယ်မှုလမ်းကြောင်း တွင် ရေပူ အမြဲတမ်းစစ်ဆေးရေးဂိတ် နှင့် မြန်မာနိုင်ငံအောက်ပိုင်း ကုန်သွယ်မှု လမ်းကြောင်းတွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းတို့မှ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ များဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၂ ရက်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းမှ တားဆီး မှု လေးမှု(ခန့်မှန်းတန်ဖိုး ကျပ် ၃ ဒသမ ၄ဝ၅ သန်းခန့်) သိမ်းဆည်းနိုင် ခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ဧပြီ ၂၂ ရက်က မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၄ဝ၂ စီး၊ သွင်းကုန် ၃၉၂ စီးရှိခဲ့ပြီး မြဝတီ-ရန်ကုန် လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၄၂ စီး၊ သွင်းကုန် ၁၇၉ စီး ကုန်စည်များ သယ်ဆောင်ဖြတ်သန်းလျက်ရှိကြောင်း သိရသည်။ပြန်/ဆက်

No comments:

Post a Comment