Google Homeက စားဖိုမှူးတစ်ဦးကဲ့သို့ ဟင်းချက်နည်းများကို သင်ကြားပေးမည်
Google Assistant သည် အသုံးပြုသူများကို စားဖိုမှူး တစ်ဦးကဲ့သို့ ဟင်းချက်နည်းများ မကြာမီ ညွှန်ကြားပေးမည်ဖြစ်သည် ။မေ ၁၄ ရက်တွင် ထွက်ရှိလာမည့် အဆိုပါ င်္န Feature သည် Bon Appetit The New York Times Food Network နှင့် တခြားသော အရင်း အမြစ်များမှ ချက်နည်းပြုတ် နည်း အမျိုးပေါင်း ငါး သန်းကျော်ကို တစ်ဆင့်ပြီးတစ်ဆင့် ညွှန်ကြားပေးနိုင်မည်ဖြစ်သည့်အပြင် ထိုသို့ ညွှန်ကြားပေးနေချိန် တွင် လည်း အသုံးပြုသူများအနေဖြင့် သီချင်းများကို နားဆင်နိုင်မည်ဖြစ်သည်။
သို့သော် အဆိုပါစနစ်ကိုအသုံးပြုရာတွင် Ok, Google, tell me how to cook ဟူသော စာသား ကိုပြော၍ ချက်နည်းပြုတ်နည်းကို မေးမြန်းနိုင်မည်မဟုတ်ပေ။ အသုံးပြု သူအနေဖြင့် ပထမဦးစွာ Google Assistant သို့မဟုတ် Google Search ကိုအသုံးပြုကာ မိမိ ချက်ပြုတ်လိုသည့် ချက်နည်းပြုတ်နည်းကို ရှာဖွေရ မည်ဖြစ်ပြီးတွေ့ရှိပါက Sendto Google Home"ဟူသော ခလုတ်ကိုနှိပ် ရမည်ဖြစ် သည်။
ထို့နောက် မှတ်သားထားသောချက်နည်း ပြုတ်နည်းကို Google Home က သိမ်းဆည်း ထားမည်ဖြစ်ပြီး အသုံးပြုသူ အနေဖြင့်ချက် ပြုတ်ရန် အသင့်ဖြစ်ပါက "Ok, Googlestart cooking"ဟူသော စာသား ကို ပြော ရမည်ဖြစ်သည်။
ယင်းနောက်တွင် Google Home သည် အဆိုပါချက်နည်းပြုတ်နည်းကို တစ်ကယ့် နည်းပြတစ်ဦးကဲ့သို့ ဘေး မှညွှန်ကြားနေမည်ဖြစ်ပြီး မေ့သွားသည်များ ရှိပါက ထပ်မံပြောပြပေးရန် တောင်းဆိုနိုင်ကာ သို့ မဟုတ်အရေးကြီးသော အဆင့်ကိုသာ နားထောင်လိုပါက နားထောင်နိုင် မည်ဖြစ်သည်။
ထို့ပြင်ဟင်းလျာချက်ပြုတ်နေစဉ်တွင် လည်း အသုံးပြုသူသည် Google Home ကို သီချင်းဖွင့်ခိုင်းခြင်း သို့မဟုတ်တခြား သောလုပ် ငန်းဆောင် တာများ စေခိုင်းခြင်း တို့ကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ မြ၀တီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment