ရန်ကုန် - ပြည် အဝေးပြေးလမ်းပေါ်၌ ခရီးသည်တင် Express ယာဉ်တစ်စီးတိမ်းမှောက်မှုကြောင့် တစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ
ပြည်၊ ဧပရယ်(၁၉)။
ရန်ကုန်ပြည်အဝေးပြေးလမ်းပေါ်၌ ဧပြီလ ၁၉ ရက်နေ့ နေ့လည်ပိုင်းက ခရီးသည်တင် Express ယာဉ် တစ်စီးတိမ်းမှောက်မှုကြောင့် လူတစ်ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကြို့ပင်ကောက်မြိုမရဲစခန်းမှ သိရသည်။
ရန်ကုန်မှ ပြည်ဘက်သို့မောင်းနှင်လာသော ဘုန်းမြတ်ပိုင် Express ယာဉ်မှာ သာယာဝတီခရိုင်ကြို့ပင်ကောက်မြို့နယ်၊ ရန်ကုန်-ပြည်အဝေးပြေးလမ်း မိုင်တိုင် အမှတ် ၁၂၆/၃ နှင့် မိုင်တိုင်အမှတ် ၁၂၆/၄ ကြား၌ ကားလမ်းနှင့် ရထားလမ်းကြားရှိ ရေမြောင်းအတွင်းသို့ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ငါးဦး ဒါဏ်ရာရပြီး တစ်ဦးသေဆုံးပါတယ် သေဆုံးတဲ့သူက ယာဉ်နောက်လိုက်ပါ။ ယာဉ်မောင်းကတော့ ထွက်ပြေးတိမ်းရှောင်သွားတဲ့အတွက် အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်”ဟု ကြို့ပင်ကောက်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။
အဆိုပါ မော်တော်ယာဉ်ပေါ်၌ ခရီးသည် ၃၀ ဦးခန့် စီးနှင့်လိုက်ပါလာပြီး အဆိုပါခရီးသည်များထဲမှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားလေးဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကာ ယာဉ်နောက်လိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရှိသူများအား ကြို့ပင်ကောက်မြို့မရဲစခန်းမှ ရဲဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေး ပရဟိတအဖွဲ့များနှင့် ဒေသခံများမှ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ပေးခြင်း၊ အခင်းဖြစ်ရာနေရာကို ရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်ခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြောင်းလည်း သိရသည်။
ဓါတ်ပုံ - ၀ဏ္ဏထွန်း/သီဟလွင် (မြစ်မခ)
Thursday, April 20, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment