“လာလီဂါ ချန်ပီယံဆုအတွက် အဆုံးအဖြတ် EL Clasico”
“ရီးယဲယ်နဲ့ ဘာစီလိုနာတို့ရဲ့ ဘာနေဗျူးမှာ ဆုံတွေ့ကြမယ့် စူပါ ဟဲဗီးလ်ဝိတ်ပွဲ”
*ရီးယဲယ်မက်ဒရစ် vs ဘာစီလိုနာ
*ရော်နယ်လ်ဒို vs မက်ဆီ
*ကွင်း - ဘာနေဗျူး ( မြန်မာစံတော်ချိန်- နံနက် ၁နာရီ၊ ၁၅မိနစ်)
ဒီကနေ့ မြန်မာစံတော်ချိန် နံနက် ၁နာရီ၊ ၁၅မိနစ်မှာ စပိန်လာလီဂါရဲ့ အကောင်းဆုံး ကလပ်အသင်းနှစ်သင်းဖြစ်တဲ့ ရီးယဲယ်မဒရစ်နဲ့ ဘာစီလိုနာတို့ မက်ဒရစ်ရဲ့ ဘာနေဗျူးကွင်းမှာ ဒီရာသီရဲ့ El Clasico ဒုတိယပွဲကိုကစားကြဖို့ရှိတယ်။ လက်ရှိအနေအထားအရ ရီးယဲယ်က ချန်ပီယံလိဂ်နဲ့ လာလီဂါမှာ ခြေစွမ်းပြနေပြီး အကောင်းဆုံး ပုံစံမှာရှိနေတဲ့ အသင်းဖြစ်ပါတယ်။ ဘာစီလိုနာကတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်က ထွက်ခဲ့ရသလို လာလီဂါမှာ ရုန်းကန်နေ ရပြီး ရီးယဲယ်နောက် ၁ပွဲပို၊ ၃မှတ် အကွာမှာရှိနေပါတယ်။ ရီးယဲယ်က ဒီပွဲနိုင်လိုက်ရင် ဒီနှစ် လာလီဂါ ချန်ပီယံဖလားကို ရဖို့ သေချာသလောက် ရှိသွားမှာဖြစ်ပါတယ်။ ဘာစီလိုနာအတွက် ကတော့ သူတို့ရဲ့ ရာသီကို အသက်ဆက်ဖို့ ဒီပွဲကို မဖြစ်မနေ အနိုင်ရဖို့ လိုနေပါတယ်။ ဆိုတော့ ရီးယဲယ်နဲ့ ဘာစီလိုနာတို့ ကစားမယ့် El CLAAICO အကြောင်းကို လေ့လာကြည့်ရအောင်ပါ။
“El CLASICO အကြောင်းသိကောင်းစရာများ”
စပိန်နိုင်ငံရဲ့ အဓိက မြို့ ကြီးနှစ်မြို့ ဖြစ်တဲ့ မက်ဒရစ်နဲ့ ဘာစီလိုနာမြို့ က ရီးယဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာဟာ စပိန်နိုင်ငံသာမကာ ကမ္ဘာမှာ လူကြိုက်အများဆုံးအသင်းတွေဖြစ်ပါတယ်။ ၀င် ငွေအားဖြင့် အကောင်းဆုံးမှာရှိတဲ့ အသင်းတွေဖြစ်သလို ပရိသတ် အားပေးမှုကလည်း ထိပ်ဆုံး ၃သင်းစာရင်းမှာ ပါပါတယ်။ စပိန်မှာတော့ တော်ဝင်မျိုးနွယ်တွေ ပိုင်ဆိုင်ပြီး လူကုံထံတွေ အားပေးတဲ့ ရီးယဲယ်ထက် အခြေခံနဲ့ အလုပ်သမား လူတန်းစားတွေအားပေးတဲ့ ဘာစီလိုနာကို ပိုပြီး ကြိုက်ကြပါတယ်။
“လက်မှတ်ခွဲတမ်း”
ရီးယဲယ်အသင်းရဲ့ နာမည်ကျော် ဆန်တီယာဂို ဘာနေဗျူးကွင်းဟာ ပရိသတ် ၈သောင်း ၁ထောင်ကျော်အထိ ဆံ့ဝင်ပြီး အဝေးကွင်းကစားရမယ့် ဘာစီလိုနာ ပရိသတ်က ၅၀၀ခန့် လက်မှတ် ရရှိမှာဖြစ်ပြီး ရီးယဲယ်ကွင်းရဲ့ အပေါ်ဆုံး ထောင်တစ်နေရာမှာ ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။
“မက်ဆီ နဲ့ ရော်နယ်လ်ဒို”
၂၀၁၆-၁၇ ဘောလုံးရာသီမှာတော့ ဘာစီလိုနာက မက်ဆီက ရီးယဲယ်က ရော်နယ်လ်ဒိုထက် သွင်းဂိုးတွေ ပိုသွင်းထားပါတယ်။ မက်ဆီဟာ ဒီရာသီ ပွဲပေါင်း ၄၄ပွဲမှာ ၄၅ဂိုး၊ ဖန်တီးမှု ၁၄ကြိမ် ပြုလုပ်ပေးထားပါတယ်။ ရော်နယ်လ်ဒိုကတော့ ၃၈ပွဲမှာ ၃၁ဂိုးသွင်းထားပါတယ်။ လာလီဂါမှာတော့ မက်ဆီက ၂၉ဂိုးနဲ့ ရော်နယ်လ်ဒိုက ၁၉ဂိုးသွင်းထားကြပါတယ်။
El Clasico ပွဲတွေမှာတော့ မက်ဆီက စုစုပေါင်း ၂၁ ဂိုးအထိသွင်းထားပြီး ဂိုးအများဆုံး သွင်းထားသူဖြစ်ပါတယ်။ ရော်နယ်လ်ဒိုကတော့ ၁၆ ဂိုးသွင်းထားပြီး တတိယနေရာမှာ ရှိနေပါတယ်။ မက်ဆီဟာ ရီးယဲယ်နဲ့ ဆုံတွေတဲ့ ပွဲတွေမှာ ဟက်ထရစ် ၂ ကြိမ်ရဖူးပြီး ဖန်းတီးမှု အကြိမ်အများ ဆုံးအဖြစ် ၁၃ ကြိမ်အထိပြုလုပ်ပေးထားပါတယ်။ ရော်နယ်လ်ဒိုကတော့ El Clasico ပွဲတွေမှာ ဆက်တိုက် ၆ ပွဲ ဂိုးသွင်းယူထားတဲ့ တစ်ဦးတည်းသော ကစားသမားပါ။
“ဒဏ်ရာပြသနာနဲ့ ပွဲပယ်”
ရီးယဲယ်အသင်းမှာတော့ နောက်ခံလူတွေဖြစ်တဲ့ ပက်ပေ၊ ဗရန်းကို ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်သလို တောင်ပံကစားသမား ဘေးလ်ကလည်း ကြံ့ခိုင်မှုပြည့်ဝဖို့ စောင့်ကြည့် နေရပါတယ်။ ဘာစီလိုနာအသင်းမှာတော့ အားထားရတဲ့ နေမာ ပွဲပယ်ခံထားရမှာဖြစ်လို့ သူ့နေရာမှာ အယ်ကာဆာ/အာဒါ တူရန် တစ်ဦးဦးကို သုံးဖို့ရှိပါတယ်။
“ရီးယဲယ်နဲ့ ဘာစီလိုနာ ထိပ်တိုက်ဆုံတွေ့မှု”
ရီးယဲယ်မက်ဒရစ်က ဘာစီလိုနာနဲ့ ထိပ်တိုက်ဆုံတွေ့မှုမှာ အသားစီးရထားပါတယ်။ သမိုင်းတစ် လျောက် ၂၃၂ ပွဲကစားခဲ့အပြီးမှာ ၉၃ ပွဲအနိုင်ရထားပြီး ဘာစီလိုနာက ၉၀ ပွဲအနိုင်ရထားကာ ၄၉ ပွဲသရေကျထားပါတယ်။ စပိန်လာလီဂါမှာတော့ ၁၇၃ပွဲမှာ ရီးယဲယ်က ၇၂ပွဲနိုင်ထားပြီး ၃၃ပွဲသရေ ကျထားကာ ဘာစီလိုနာက ၆၈ပွဲနိုင်ထားပါတယ်။ ရီးယဲယ်က ၁၉၄၃ ခုနှစ် စပိန်ဘုရင့်ဖလားမှာ ဘာစီလိုနာကို ၁၁ဂိုး-၁ဂိုး နဲ့ အကြီးမားဆုံးနိုင်ခဲ့ပြီး ဘာစီလိုနာက ၁၉၅၀ခုနှစ် လာလီဂါမှာ ၇ဂိုး-၂ဂိုးနဲ့ နိုင်ထားပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ El Clasico ၁၁ ပွဲမှာတော့ ဘာစီလိုနာက ၅ပွဲ နိုင်ထားပြီး ရီးယဲယ်က ၄ပွဲနဲ့ ၂ပွဲ သရေကျထားပါတယ်။
ဒီညမှာကစားမယ့် ရီးယဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာပွဲ ကတော့ မြန်မာ့ဘောလုံးပရိသတ် တွေသာမကနိုင်ငံအရပ်ရပ်က ကမ္ဘာ့ဘောလုံးပရိသတ်တွေ အတွက်လည်း အကြိုက်တွေ့မယ့်ပွဲ ကောင်းတစ်ပွဲပါ။ နိုင်ငံပေါင်း ၁၀၀ကျော်ကနေ တိုက်ရိုက်ကြည့်ရှု့ ခွင့်ရမှာဖြစ်ပြီး ကမ္ဘာ့ဘောလုံး ပရိသတ်တွေ သန်း ၇၀၀ကျော်ကြည့်ရှု့မယ့်ဒီပွဲမှာ မြန်မာ့ ဘောလုံးချစ်ပရိသတ်ကြီးကရော…ရီးယဲယ်မက်ဒရစ်လား ….? ၊ ဘာစီလိုနာလား …..? ရော်နယ်လ်ဒိုလား…..?၊ မက်ဆီလား….?
“ဖြစ်နိုင်ဖွယ်လူစာရင်း”
“ဘာစီလိုနာ ( ၄-၃-၃)”
ဂိုး - တာ့စတေဂန်၊
နောက်တန်း - ဆာဂျီယိုရော်ဘတ်တို၊ ပီကေး၊ မာရှေရာနို၊ ယော်ဒီ အယ်လ်ဘာ/အူတီတီ
အလယ်တန်း - ရာကီတစ်၊ ဘူးစကွက်၊ အင်နီယေစတာ
ရှေ့တန်း - အယ်ကာဆာ/ အာဒါ တူရန် ၊ ဆွာရက်ဇ်၊ မက်ဆီ
“ရီးယဲယ်မက်ဒရစ် ( ၄-၃-၃)”
ဂိုး - နာဗက်စ်
နောက်တန်း - ကာဗယ်ဟာ၊ နာချို၊ ရာမို့စ်၊ မာဆယ်လို
အလယ်တန်း - မိုဒရစ်၊ ကတ်စမဲရိုး၊ ခရုဇ်
ရှေ့တန်း - အစ္စကို/ ဘေးလ်၊ ဘန်ဇီမာ၊ ရော်နယ်လ်ဒို
BBC
Subscribe to:
Post Comments (Atom)
No comments:
Post a Comment