ချောင်းသာတွင် လေအားလျှပ်စစ်ထုတ်လုပ်မည့် တရုတ် CTG ကော်ပိုရေးရှင်း၏စီမံကိန်းကို ပြန်လည်စိစစ်မည်ဟု ဆို
တရုတ်အစိုးရပိုင် China Three Gorges (CTG) ကော်ပိုရေးရှင်းက ဆောင်ရွက်မည့် ချောင်းသာရှိ လေအားလျှပ်စစ်စီမံကိန်းကို ဧရာဝတီတိုင်းအစိုးရအဖွဲ့က ပြန်လည်စိစစ်မည်ဖြစ်သည်။
‘‘ဘာဆက်လုပ်မှာလဲ၊ စိစစ် ရမယ်။ ဘယ်တော့ပြီးမှာလဲ။ ဘယ်အတိုင်းအတာအထိလုပ်မှာ လဲ၊ စိစစ်ရမယ်။ လုပ်မယ်ဆိုပြီး ဒီအတိုင်းပစ်ထားလို့ မရဘူး’’ ဟု ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်း ပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်း ဌေးက ပြောသည်။
အဆိုပါ ချောင်းသာလေ အားလျှပ်စစ်စီမံကိန်းသည် ဦး သိန်းစိန်အစိုးရလက်ထက် သက် တမ်းမကုန်မီ တစ်လအလိုတွင် တရုတ်ကုမ္ပဏီအား လုပ်ကိုင်ခွင့် ပေးခဲ့သည့် စီမံကိန်းဖြစ်သည်။ မဂ္ဂါဝပ် ၃၀ ထုတ်လုပ်နိုင်မည်ဖြစ် ပြီး ၂၀၁၆ ဖေဖော်ဝါရီ ၂၉ ရက် တွင် ဦးသိန်းစိန်အစိုးရနှင့် Three Gorges ကုမ္ပဏီတို့ လက်မှတ် ရေးထိုးခဲ့သည်။
ယခုအစိုးရသစ်လက်ထက် တွင် ကုမ္ပဏီနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ နှစ်ကြိမ်တွေ့ဆုံခဲ့ သော်လည်း လက်ရှိအချိန်ထိ စီမံကိန်းအကောင်အထည်မဖော် ၍ ပြန်လည်စိစစ်သွားမည်ဖြစ် ကြောင်း ဦးဌေးဝင်းကပြောသည်။ အဆိုပါစစ်ဆေးမှုကို ယခုရက် အတွင်း စတင်မည်ဟု ၎င်းက ဆက်လက်ပြောသည်။
တရုတ်ကုမ္ပဏီသည် ယင်း စီမံကိန်းကို ၂၀၁၄ က တိုင်းဒေ သကြီးအစိုးရထံတင်ပြခဲ့၍ ပထမ အကြိမ် စမ်းသပ်လေ့လာခဲ့ ကြောင်းနှင့် ထိုစမ်းသပ်ချက် မအောင်မြင်ခဲ့ကြောင်း ယခင် တိုင်းအစိုးရက ဆိုသည်။
ဧရာဝတီတိုင်းတွင် လျှပ်စစ် ဓာတ်အား လိုအပ်ချက်မြင့်မား လာ၍ ယခင်အစိုးရက အကောင် အထည် ဖော်ထားသော်လည်း မပြီးပြတ်သေးသည့် စီမံကိန်းကို ပြန်လည် ဆန်းစစ်မည်ဖြစ်ကြောင်း ဦးဌေးဝင်းက ပြောသည်။
CTG ကော်ပိုရေးရှင်းသည် ကမ္ဘာ့အကြီးဆုံးစွမ်းအင်ကုမ္ပဏီ ဖြစ်၍ အဓိကအားဖြင့် ရေအား လျှပ်စစ်တည်ဆောက်နေသည့် ကုမ္ပဏီဖြစ်ပြီး တရုတ်နိုင်ငံရှိ နာမည်ကျော် Three Gorges ဆည်ကို တည်ဆောက်ခဲ့သည်။ ယင်းကုမ္ပဏီက ၂၀၁၄ အထိစုစုပေါင်း လျှပ်စစ်ဓာတ်အား ၄၆,၀၀၀ မဂ္ဂါဝပ်ထုတ်လုပ်ထားသည်။ အဆိုပါ ကော်ပိုရေးရှင်းသည် ၂၀၁၄ ကစ၍ လေစွမ်းအင်နှင့် နေစွမ်းအင်တို့မှလျှပ် စစ်ထုတ်လုပ်ရန် စတင်ခဲ့သည်။
(7Day News)
Thursday, April 27, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment