Latest News

Wednesday, April 26, 2017

မြန်မာကို CPC စာရင်း ဆက်လက်ထည့်သွင်း

မြန်မာကို CPC စာရင်း ဆက်လက်ထည့်သွင်း

အမေရိကန်အစိုးရ နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှုကောက်မရှင် USCIRF (U.S. Commission on International Religious Freedom) က ၂ဝ၁၇ ခုနှစ်အတွက် အစီရင်ခံစာကို မနေ့က ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံကို CPC (Country of Particular Concern) ခေါ် အထူးစိုးရိမ်ရတဲ့နိုင်ငံအဖြစ် ဆက်လက်သတ်မှတ် ထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှု ဥပဒေအရ USCIRF ဟာ ဘာသာရေးလွတ်လပ်မှု ချိုးဖေါက်တဲ့ နိုင်ငံတွေကို နိုင်ငံခြားရေးဝန်ကြီးဌာန နှစ်စဉ် အစီရင်ခံတင်ပြရပါတယ်။

မနေ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ မြန်မာ၊ တရုတ်၊ အီရန်နဲ့ မြောက်ကိုရီးယားအပါအဝင် နိုင်ငံ ၁ဝ နိုင်ငံကို CPC ဘာသာရေးလွတ်လပ်မှု အကျယ်အပျံ့ချိုးဖေါက်တဲ့နိုင်ငံစာရင်းမှာ ဆက်လက်ထည့်သွင်းဖို့ ထောက်ခံတင်ပြထားပါတယ်။

ကျူးဘား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရတ်၊ အီဂျစ်၊ လာအိုနဲ့ မလေးရှားစတဲ့ နိုင်ငံ ၁၂ ခုကိုတော့ ဘာသာရေးလွတ်လပ်မှု အပြည့်အဝ မရှိပေမယ့် သိပ်ပြီးမဆိုးဝါးတဲ့ ဒုတိယ အဆင့် နိုင်ငံတွေစာရင်းမှာ ထည့်သွင်းထားပါတယ်။

ဒါ့အြ့ပင် ဘာသာရေးလွတ်လပ်မှု ချိုးဖေါက်တဲ့ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းတွေကို ထည့်သွင်းတဲ့ EPC ( Entity of Particular Concern) အထူးစိုးရိမ်ရတဲ့အဖွဲ့အစည်း စာရင်းကိုလည်း ထုတ်ပြန်ခဲ့ရာမှာ အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ ISIS မွတ်စလင်အကြမ်းဖက်အဖွဲ့၊ အာဖဂန်နစ္စတန်က တာလီဘန်အဖွဲ့နဲ့ ဆိုမာလီယားနိုင်ငံက al-Shabaab အယ်လ် ရှာဘတ် အဖွဲ့တွေ ပါဝင်ပါတယ်။

USCIRF က မြန်မာနိုင်ငံကို ၁၉၉၉ ခုနှစ်ကစပြီး CPC စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။  မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေနဲ့ တခြားလူနည်းစု ခရစ်ယာန်ဝင်အများအပြား လွတ်လပ်စွာကိုးကွယ်ခွင့်တွေ ဆက်လက်ဆုံးရှုံးနေကြောင်းနဲ့ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ စစ်တပ်ရဲ့ ဘာသာရေးလွတ်လပ်မှု အပါအဝင် လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို NLD အစိုးရက တားဆီးနိုင်ခဲ့ခြင်း မရှိကြောင်း ဖေါ်ပြထားပါတယ်။ RFA

No comments:

Post a Comment