Latest News

Wednesday, April 19, 2017

မြောင်းမြ က လမ်းညွန်ဆိုင်းပုတ်ကြော်ငြာ ချန်ဆယ်လာ ChanCellor ချန်ဆယ်လာဆိုတာ ဝီစကီ(အရက်) ပါ။

မြောင်းမြ က လမ်းညွန်ဆိုင်းပုတ်ကြော်ငြာ ချန်ဆယ်လာ
ChanCellor ချန်ဆယ်လာဆိုတာ ဝီစကီ(အရက်) ပါ။ ရေသန့် လုံးဝမှ မဟုတ်ပါဘူး။
ဒါနဲ့ ပါတ်သတ်ပြီး လွန်ခဲ့ တဲ့ 3 နှစ်လောက်က Post အဟောင်းထဲက အချို့တဝက်ကို ဖော်ပြလိုက်ရပါတယ်။ ဆက်လက်ဖက်ရှုပေးပါ 😃
ဆေးလိပ်၊ ယမကာနှင့် အရက်၊ ဘီယာများကိုအစိုးရမှကြော်ငြာခြင်းများ ပိတ်ပင် ထား သည်မှာ နှစ်အတော်ကြာခဲ့ ပြီး တားမြစ်ထားသော ဥပဒေတော့ ရှိသည် ဒါပေမယ့် လက်တစ်လုံးခြား လုပ်တာကလည်းပီပြင်ပြောင်မြောက်လှသည်။
ယမကာကိုကျွန်တော်လည်းကြိုက်သည်မြန်မာဘီယာကိုလည်းကြိုက် ပါသည်။ သူကဆုတံဆိပ်ပေါင်း များစွာ ဆွတ်ခူးခဲ့တယ်။ သူ့သီချင်း ကလေး က အားတက်စရာတွေ အပြည့် ကလေးကအစ လိုက်ဆို တတ် သည်။ သောက်ဖို့ပရိတ်သတ်တောင်းဆိုမှုတွေများလာအောင် ရောင်းအားအရေအတွက်တွေများလာအောင် သူ များနဲ့မတူ သိပ်လုပ် တတ်သည်။ကြော်ငြာတတ်သည်..။
*** Myanmar အမည်ဖြင့် သတ်မှတ်ထားသော လိုဂို ဒီဇိုင်းအား လူ တိုင်း ဆွဲနေစေရန် ကြိုးစားထားမှုအောင်မြင်တာကြောင့်Myanmar ဟုအစိမ်းခံပေါ်တွင် ရေးသားထားသော စာလုံးနှင့် ကရ၀ိတ် ပုံကိုတွေ့ရင်ဖြင့်သေချာသည် Myanmar Beer.. ပင်။
*** ထို့ကြောင့်အစိုးရကန့်သတ်ချက်ထဲတွင် ဘီယာ မကြော်ငြာ ရသော် လည်း Logo ကို အသုံးချကြော်ငြာမှုသည်ပင်လက်တစ်လုံးခြား ခြင်းပင်ဖြစ်သည်။
ပြည်သူချစ်သောအနုပညာရှင်တစ်ယောက်ဖြစ် တဲ့ မျိုးကြီး ကို သီချင်း ဆို ခိုင်းသည် သီချင်းထဲတွင်ဘီယာမပါ မြန်မာ တော့ပါသည်။ မြန်မာ ဘီယာသီချင်းဆိုတာ လူတိုင်းသိနေပြီ။မျိုးကြီးမဟုတ်ပဲ ရုံးက သာမာန် ၀န်ထမ်းကိုဆိုခိုင်းလျှင်ပေါက်မည်မဟုတ် ပြည်သူချစ်သောအနု ပညာရှင် သည်ပင် ငွေ နှင့် ဘီယာ ရောလောင်းခံခဲ့ရရှာသည်။
အုပ်ချုပ်ရေးပေါ့ရော့သော နယ်များတွင်ပေါ်ပေါ် တင်တင် ဆိုင်းဘုတ် တောင်ထောင်ထားလိုက်သေးသည်။ ရန်ကုန်လိုနေရာမျိုးမှာတော့ Myanmar လို့သာရေး သည် ဘီယာမပါ။ရေးလို့ရသည် အဘယ် ကြောင့်ဆိုသော် မြန်မာ နိုင်ငံ ဖြစ်နေသောကြောင့် မသိရင်တော့ Myanmar လို့သာရေးထားသည်တကယ်တော့ သူကြော်ငြာထား ခြင်း ပင်ဖြစ်သည်။
အချို့ကြော်ငြာ အိုင်ဒီယာများကလည်း အလွန်ကောင်းသေးသည် မြန်မာပြည်ရဲ့အထင်ကရပွဲတော် တွေမှာ Myanmar ဆိုင်းဘုတ် တွေ မုခ်ဦးတွေ လုပ်ကြသည်။ဘီယာဆိုင်တွေ နဲ့ အရက်ရောင်းတဲ့ ဆိုင်တွေ ကွမ်းယာရောင်းတဲ့ဆိုင်တွေ နေကာဖို့ ဗီနိုင်းတွေမှာ မြန်မာ ရေးပြီးပေးထားတော့ နေကာတဲ့အချိန်အလိုလို ကြော်ငြာပြီး သားဖြစ် သွားပြန်သည်။
*** စီးပွားရေးတံခါးဖွင့်ထားတဲ့ ဒီမိုကရေစီခေတ်ကြီးမှာ မြန်မာဘီယာ တင် မက အခြားအရက်တွေလည်း
ရေသန့်လိုတစ်မျိုး
အက်ႌ လို တစ္မ်ိဳး
နာမည် လိုဂိုနဲ့တစ်ဖုံ
ရွှေမြန်မာ ပြည်သူပြည်သားတို့ထံ တစ်လုံး ချင်း တစ်ရစ်ခြင်း ဥပဒေကိုလက်တစ်လုံးခြားလုပ်ပြီး ထည့်နေခဲ့တာပြသနာ မရှိဘူးပဲဆိုပေးဦးတော့။ သူတို့မှာလဲ သူတို့ထုတ်ကုန်အတွက် အိုင်ဒီယာ အသစ်အဆန်း တွေနဲ့ကြော်ငြာခွင့်ရှိနေတာပါပဲ။
Ref Z.P.L(Dec 2014 )
==============
အခုတော့ မြောင်းမြမြို့မှာ လမ်းညွန်ဆိုင်းပုဒ်တွေ တစ်မြို့လုံးအပြည့် ချန်ဆယ်လာ ရေသန့် ဟုကြော်ကြာထားသည်။ အမှန် ချန်ဆယ်လာသည် ဝီစကိ(အရက်) ဖြစ်ပြီး ၄င်း၏ Logo ကို အမြင်စွဲစေရန် Logo ပုံမှားရိုက်ကြော်ငြာခြင်းပင်ဖြစ်သည်။
ကမ္ဘာ ခေတ်မှီနိုင်ငံများတွင်လဲ ယမကာ၊ အရက်၊ ဘီယာ စသည်တို့ ပုံမှားရိုက်ကြေငြာ ခြင်းကို နိုင်ငံတော်အစိုးရများက ခွင့်မပြုပဲ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ခြင်းများပြုလုပ်ကြပါတယ်။ မြန်မာနိုင်ငံ အာဏာပိုင်များ (အခုလောလောဆယ် မြောင်းမြမြို့ ) အနေနဲ့ ဒီလို ပုံမှားရိုက် ဥပဒေ လက်တစ်လုံးခြား ကြော်ငြာခြင်း လုံးဝ ခွင့်မပြုဖို့ကိုလဲ မေတ္တာရပ်ခံတောင်းဆိုအပ်ပါတယ်။
Comment ဆက်ရန် 😆
Wnd Maung 





No comments:

Post a Comment