ရုရှားနှင့် မြောက်ကိုရီးယားနှင့်ပတ်သက်၍ စီအိုင်အေ ဝေဖန်သတိပေးပြီးနောက် အမေရိကန်မြို့ကြီးများ လျှပ်စစ်ပြတ်တောက်၍ လုပ်ငန်းများတုန့်ဆိုင်း ။ မြောက်ကိုရီးယားတွင် လျှပ်စစ်သံလိုက်လှိုင်းများဖြင့်တိုက်ခိုက်နိုင်စွမ်းရှိနေဟုဆို
( ဧပြီ-၂၂၊၂၀၁၇ ) အမေရိကန်စီအိုင်အေက ရုရှား၊မြောက်ကိုရီးယားနှင့်ပတ်သက်၍ သတိပေးပြီးနောက် အမေရိကန်နိုင်ငံတစ်ဝှမ်း အဓိကမြို့ကြီးများတွင် လျှပ်စစ်ပြတ်တောက်၍ လုပ်ငန်းများတုန့်ဆိုင်းခဲ့ကြောင်း ယနေ့ ဒေးလီးစတားသတင်းဌာနကဖော်ပြသည်။
နယူးယောက်၊ ဆန်ဖရန်စစ်ကိုမြို့ကြီးများတွင် သောင်းနှင့်ချီသော နေအိမ်နှင့် အလုပ်ဌာနများလျှပ်စစ်မီးပြတ် တောက်ခြင်းကြောင့် ပရမ်းပတာဖြစ်ခဲ့ရသည်ဆို၏။ သောကြာနေ့ ဒေသစံတော်ချိန် နံနက် ၉-နာရီ ကယ်လီဖိုးနီးယားတွင် အလုပ်ဌာန ၉၀’၀၀၀ ကျော်၌ လျှပ်စစ်ဓါတ်အားပြတ်တောက်၍ လုပ်ငန်းများတုန့်ဆိုင်းသွားခဲ့ရသည်။ ဆန်ဖရန်စစ်စကိုတစ်ဝှမ်း ကေဘယ်ကားနှင့် မီးပွိုင့်များရပ်ဆိုင်းသွားသဖြင့် အလုပ်သမားပေါင်းများစွာ အခက်အခဲဖြစ်ခဲ့ရကြာင်းသိရှိရသည်။
ဆန်ဖရန်စစ်စကိုပြီးနောက် အခြားမြို့ကြီးတစ်မြို့ဖြစ်သာ နယူယောက်တွင်လည်း ဆက်တိုက်ဆိုသလို လျှပ်စစ်ပြတ်တောက်ခြင်းထူးခြားစွာဖြစ်ပေါ်ခဲ့သည်။
ထိုသို့လျှပ်စစ်ဓါတ်အားပြတ်တောက်ရခြင်းသည် မြောက်ကိုရီးယားတွင် လျှပ်စစ်သံလိုက်ခုန်နှုန်းကိုပြောင်းလဲစေခြင်း ဖြင့်တိုက်ခိုက်နိုင်စွမ်းရှိကြောင်း ယခင်စီအိုင်အေညွှန်ကြားရေးမှူးဟောင်းက သတိပေးပြီးနောက်တစ်ရက်နှင့်ထူးခြားစွာတိုက်ဆိုင်နေသည်။
မြောက်ကိုရီးယားဂြိုလ်တုမှ လျှပ်စစ်သံလိုက်လှိုင်းများ ပစ်လွှတ်ခြင်းဖြင့် အမေရိကန်လျှပ်စစ်ဖြန့်ဖြူးခြင်း စံကွက်များအာ့း ဖြတ်တောက်နိုင်စွမ်းရှိနေပြီး အရေးပါသော စီးပွားရေးဆိုင်ရာအရင်းအမြစ်များ နှစ်ချီရပ်တန့်သည်အထိ ဖြစ်စေနိုင်ကြောင်း စီအိုင်အေ ညွှန်ကြားရေးမှုးက သတိပေးရေးသားခဲ့သည်ဆို၏။
ဒေသအာဏာပိုင်းများက လျှပ်စစ်ပြတ်တောက်ရခြင်းအတွက် လိုင်းခွဲစံနစ်မီးလောင်ခြင်းအား အပြစ်တင်ခဲ့သည်။ အက်ဘီအိုင်ကမူ မည်သည့်အတွက် မီးလောင်သည်ဆိုခြင်းကို ထင်မြင်ချက်မပေးဘဲ မိမိတို့ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစကြောင်း ဖြေကြားခဲ့သည်။
Htay Oung
Saturday, April 22, 2017
ရုရှားနှင့် မြောက်ကိုရီးယားနှင့်ပတ်သက်၍ စီအိုင်အေ ဝေဖန်သတိပေးပြီးနောက် အမေရိကန်မြို့ကြီးများ လျှပ်စစ်ပြတ်တောက်၍ လုပ်ငန်းများတုန့်ဆိုင်း ။ မြောက်ကိုရီးယားတွင် လျှပ်စစ်သံလိုက်လှိုင်းများဖြင့်တိုက်ခိုက်နိုင်စွမ်းရှိနေဟုဆို
ရုရှားနှင့် မြောက်ကိုရီးယားနှင့်ပတ်သက်၍ စီအိုင်အေ ဝေဖန်သတိပေးပြီးနောက် အမေရိကန်မြို့ကြီးများ လျှပ်စစ်ပြတ်တောက်၍ လုပ်ငန်းများတုန့်ဆိုင်း ။ မြောက်ကိုရီးယားတွင် လျှပ်စစ်သံလိုက်လှိုင်းများဖြင့်တိုက်ခိုက်နိုင်စွမ်းရှိနေဟုဆို
Reviewed by Ar Ti
on
5:03 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment