Latest News

Sunday, April 9, 2017

ဗိုလ်အောင်ဒင်နာမည် သုံးစွဲမှု ဂီတအစည်းအရုံးကို တိုင်ကြားထား

ဗိုလ်အောင်ဒင်နာမည် သုံးစွဲမှု ဂီတအစည်းအရုံးကို တိုင်ကြားထား

ဗိုလ်အောင်ဒင်ကို ဖန်တီးခဲ့သူဒါရိုက်တာ ရွှေဒုံးဘီအောင်ရဲ့ မြေးဖြစ်သူက တိုင်ကြားထားတာပါ။

ရွှေအက်ဖ်အမ် ဂီတဆုပေးပွဲတွင် မြန်မာသံ အမျိုးသားတေး သံရှင်ဆုရရှိခဲ့သည့် မနော။

အဆိုတော် မနောရဲ့ပေါက်သီချင်းတစ်ပုဒ်ဖြစ်တဲ့ ဗိုလ်အောင်ဒင်လိုလူကြမ်း သီချင်းခေါင်းစဉ်မှာ မူလဖန်တီးသူရဲ့ ခွင့်ပြုချက်မရှိဘဲ ဗိုလ်အောင်ဒင်နာမည်ကို သုံးစွဲထားတဲ့ အတွက်ညှိနှိုင်းပေးဖို့ ဂီတအစည်းအရုံးကို တိုင်ကြားထားတယ်လို့ ဗိုလ်အောင်ဒင်ကို ဖန်တီးခဲ့သူဒါရိုက်တာ ရွှေဒုံးဘီအောင်ရဲ့ မြေးဖြစ်သူ ဒေါ်ခင်သန့်စင်အောင်က The Voice သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

“ဗိုလ်အောင်ဒင်သီချင်းက ကထိန်မှာ စပေါက်သွားတာ အစ်မတို့သိတယ်။ မေမေ့ကိုလာပြောပေမယ့် အောင်မြင်ပါစေဆိုပြီး ဒီအတိုင်း လွှတ်ထားတာ။ အစ်မတို့မှာ ပတ်ဝန်းကျင်အသိုင်းအဝိုင်း ရှိတယ်။ ဒီအတိုင်း ကြည့်နေကြမှာလား၊ နင်တို့ဒီလိုပဲနေနေမှာလားဆိုပြီး လာပြောလွန်းလို့ လုပ်လိုက်ရတယ်”လို့ ဒေါ်ခင်သန့်စင်အောင်က ပြောပါတယ်။

ဗိုလ်အောင်ဒင်ရဲ့ မူလအစက ၁၉၃၉ ခုနှစ်မှာ ဗိုလ်အောင်ဒင်အသံထွက်ရုပ်ရှင်ကို ရုံတင်ပြသခဲ့ပြီး ဒိဇာတ်ကားရဲ့ ဝတ္ထု၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာအဖြစ် ဒါရိုက်တာ ရွှေဒုံးဘီအောင်က စီစဉ်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

“အခုချိန်ထိကျွန်တော်တို့ကို ဌာနဆိုင်ရာက ဘာမှဆက်သွယ်မလာသေးဘူး။ ရောက်လာတော့မှ ဘယ်လိုဆက်လုပ်သွားမလဲဆိုတာ တိုင်ပင်ရမယ်။ သီချင်းခေါင်းစဉ်က ဆင်ဆာ တင်ကတည်းက ကြမ်းတဲ့လူတွေကိုစံနမူနာပေးထားတဲ့ပုံစံနဲ့ ဗိုလ်အောင်ဒင်လိုလူကြမ်းဆိုပြီး ပေးထားတာ”လို့ တေးသံရှင်မနောက ပြောပါတယ်။

ဗိုလ်အောင်ဒင်လိုလူကြမ်းသီချင်းက ပြီးခဲ့တဲ့နှစ် ဩဂုတ်လလောက်မှာ စတင်လူသိများ ရေပန်းစားလာတာဖြစ်ပြီး အလှူမဏ္ဍပ်တိုင်း၊ အိမ်တိုင်း၊ ဆိုင်တိုင်းနီးပါးမှာ ဗိုလ်အောင်ဒင်သီချင်းကိုဖွင့်ခဲ့တဲ့ အထိအောင်မြင်ခဲ့ကာ ကထိန်ကာလမှာ ဗိုလ်အောင်ဒင်သီချင်းက အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။
Source : 7DayDaily:Duwun


No comments:

Post a Comment