Monday, April 17, 2017
၂၀၁၇ ဘဏ္ဏာနှစ် အခွန်စနစ်သစ်အရ အခွန်တံဆိပ်တုန်းမပါသောဘောက်ချာနှင့် အရောင်းအဝယ်ပြုလုပ်ရင် ဒဏ်ငွေ ၅၀ %
၂၀၁၇ ဘဏ္ဏာနှစ် အခွန်စနစ်သစ်အရ အခွန်တံဆိပ်တုန်းမပါသောဘောက်ချာနှင့် အရောင်းအဝယ်ပြုလုပ်ရင် ဒဏ်ငွေ ၅၀ % သတ်မှတ်ထားပါတယ် ။
ဝယ်သူဖက်က ရွှေသားထည်ကို ကုန်သွယ်ခွန် ၁ % ရောင်းသူဖက်က ၅ % အခွန်သတ်မှတ်ထားပါသည်။
၆၃၀၀၀၀ ကျပ်တန်ရွှေဆွဲကြိုးတစ်ကုန်းသည် ၃၁၅၀၀ မမြတ်ပါ ဆိုတာကို ရွှေသည်တိုင်းသိကြပါသည် ။ ဘောက်ချာစာရွက် ၁၀၀ ကျပ် ၊ ရွှေထည့်သည့်ကော်ဘူး ၁၀၀ ၊ လက်ဆောင်ပစ္စည်း စွတ်ကျယ် ( သို့ ) ပိုက်ဆံအိတ် ၁၀၀၀ ကျပ် ၅ % အခွန် ၃၁၅၀၀ စုစုပေါင်း ၃၂၇၀၀ ရောင်းသူဖက်က ကုန်ကျသလို ဝယ်သူဖက်က ၁ % ၆၃၀၀ ပေးဆာင်ရသဖြင့် စုစုပေါင်း ၃၉၀၀၀ ကျပါတယ် ။
ဆွဲကြိုးတစ်ကုန်းအတွက် လက်ခ ၆ ရွေးပေးရသည်။ ၁ ပဲ ပြန်ရောင်းတော့ ၂ ရွေးမြတ်ပါသည်။ ၁ ရွေး ၆၇၀၀ × ၂ ရွေး = ၁၃၄၃၇ + လက်ခ ၃၅၀၀ = ၁၆၉၃၇ ကျပ်အမြတ်ရပါသည် ။
အခွန်နှင့်အခြားကူန်ကျစားရိတ် ၃၉၀၀၀ - အမြတ်ငွေ ၁၆၉၃၇ = ၂၂၀၀၀ ရှုံးနေပါပြီ ။
ကိုက်အောင်အလျော့လက်ခပိုယူရင်လည်း ပေါက်ဈေးကရှိနေတော့ ဝယ်သူကလာမှာမဟုတ်တော့ဘူး
အရင်ကတော့ တစ်နှစ်ရောင်းရငွေထဲက သိန်း ၂၀၀ နှုတ်ပေးတယ် မိသားစုထဲမှာ ၁၈ နှစ်အောက် ကျောင်းသားရှိရင်ကျောင်းစားရိတ်နှုတ်ပေးတယ် အခန်းငှားထားရင် ငှားခ မီတာခ ဖုန်းဘေလ် သတ်မှတ်ချက်အတိုင်း နှုတ်ပေးတယ် ကျန်တဲ့ရောင်းရငွေအပေါ် ဝင်ငွေခွန် ၅ % ဆောင်ရတယ် ။ ကုန်သွယ်ခွန်ကလည်း လုပ်ငန်းအကြီးအသေးအလိုက် ဆောင်ရပါတယ် ။ လုပ်ငန်းလိုင်စင်အတွက်စည်ပင်ခွန်က ၆၀၀၀၀ ဆောင်ရပါသေးတယ် ။ အမှိုက်ခွန်က ၁၀၀၀၀ ပါ ။
အခွန်ရှောင်တာမဟုတ်ပေမဲ့ အမှန်တကယ်စာရင်းတင်ပြရင် မြတ်တာနဲ့ အခွန်ဆောင်ရတာ မကာမိပါဘူး ။ ဒါကြောင့်ဘောက်ချာစာအုပ်မတင်ပြပဲ စာရင်းသာတင်ပြကြတာပါ ။ အခုတော့ ဘောက်ချာစာအုပ်ကို အခွန်ရုံးတံဆိပ်ထုပြီး တံဆိပ်မပါပဲရောင်းရင် ဒဏ်ငွေ ၅၀ % ဆိုတော့ ဘယ်လိုစခန်းသွားကြမလည်း မသိတော့ပါဘူး ။ စိန်နဲ့ကျောက်ထည်မှန်သမျှ ရောင်းသူ ၅ % ဝယ်သူ ၆ % သတ်မှတ်ထားလို့ စိန်ထည်မရောင်းတော့ပါဘူးလို့ အကြောင်းကြားထားပါတယ် ။
ဟုတ်ကဲ့ လူကြီးမင်းများကိုယ်တိုင်လာရောင်းဖို့ ဖိတ်ခေါ်ပါသည်။
ကျွန်ုပ်ကို စားဝတ်နေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုကိုသာ တာဝန်ယူပေးပါ ။
Credit:Myat Layngon
https://www.facebook.com/1635992550009694/photos/a.1636227793319503.1073741829.1635992550009694/1873720262903587/?type=3&theater
၂၀၁၇ ဘဏ္ဏာနှစ် အခွန်စနစ်သစ်အရ အခွန်တံဆိပ်တုန်းမပါသောဘောက်ချာနှင့် အရောင်းအဝယ်ပြုလုပ်ရင် ဒဏ်ငွေ ၅၀ %
Reviewed by timeayeyar
on
9:34 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment