Latest News

Friday, April 7, 2017

တစ်သောင်းတန်ငွေစက္ကူ အတုများ ကိုင်ဆောင် သုံးစွဲသူကို ဓနုဖြူရဲတပ်ဖွဲ့ ဖမ်းဆီးအရေးယူ

တစ်သောင်းတန်ငွေစက္ကူ အတုများ ကိုင်ဆောင် သုံးစွဲသူကို ဓနုဖြူရဲတပ်ဖွဲ့ ဖမ်းဆီးအရေးယူ

ဧပြီ ၇ (ဓနုဖြူ)

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့ အမှတ် ၅ ရပ်ကွက် ဘုရားလမ်းရှိ ကမ္ဘောဇဘဏ်သို့ ဦးမောင်ဝင်းဆိုသူမှ ဧပြီလ ၃ ရက်နေ့တွင် ငွေကျပ် ၂၅ သိန်း အပ်နှံခဲ့ရာ တစ်သောင်းကျပ်တန် ငွေစက္ကူ အတု ၃၆ ရွက်အား စစ်ဆေးတွေ့ရှိခဲ့ပြီး ငွေစက္ကူအတုကိုင်ဆောင်သူ ဦးမောင်ဝင်းကို ဓနုဖြူရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

KBZ Bank မှ တစ်သောင်းကျပ်တန် ငွေစက္ကူ အတုများ စစ်ဆေးတွေ့ရှိကြောင်း ဆက်သွယ်အကြောင်းကြား သဖြင့် ဓနုဖြူ မြို့နယ်ရဲတပ်ဖွဲ့မှူး/ မြို့မရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များနှင့်အဖွဲ့သည် သက်သေများနှင့်အတူ တစ်သောင်းတန်ငွေစက္ကူအတုများအား သိမ်းဆည်းခဲ့သည်။

အဆိုပါ တစ်သောင်းကျပ်တန်ငွေစက္ကူ အတုများအား လက်ဝယ်တွေ့ရှိသူ ဦးမောင်ဝင်းအား ဓနုဖြူ မြို့မရဲစခန်း (ပ)၅၆/ ၂၀၁၇ / မြန်မာနိုင်ငံဗဟိုဘဏ် အက်ဥပဒေ ၁၀၅/ ၁၀၆ ဖြင့် အမှုဖွင့်ပြီး မှုခင်းရဲတပ်ဖွဲ့ ( CID ) သို့ လွှဲပြောင်းပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မင်းထက်မုန်း( The Ayeyarwaddy Times )

No comments:

Post a Comment