ပညာရေး စနစ် နှင့် ပါတ်သက်၍ ...
ရာစုနှစ်ပေါင်း များစွာ ကမ္ဘာကို ဗိုလ်ကျ လာခဲ့ကြသော
အနောက်နိုင်ငံများ၏ ပညာရေး စနစ်ကား သူငယ်
တန်းမှသည် ၁၂ တန်း အထိ စာမေးပွဲ ဆို၍ မရှိ။ မူလတန်း မှ အလယ်တန်း၊ အလယ်တန်း မှ အထက်တန်းသို့ အကူးအပြောင်းတွင်သာ ပြည်နယ် အစိုးရက စစ်
သော စာမေးပွဲတော့ ရှိသည်။ ဒါကလည်း မည်ကာ
မတ္တာမျ သာ လုပ်ခြင်းဖြစ်သည်။
စာမေးပွဲ အောင်စာရင်း ဆို၍ တခါမျ ပင် မကြားဖူးခဲ့။ က္ဈန်တော့်သားက သူငယ်တန်းမှ စတင် တက်လာ ခဲ့သည်မှာ အခု ကိုးတန်ုးပင် ရောက်နေလေပြီ။
သူတို့ အတွက်ကား တက္ကသိုလ် သို့ မိမိ စိတ်ကြိုက် ဘာသာ ယူနိုင်ဖို့ Grade 10, 11, 12 များတွင် ဘာသာရပ် အလိုက် အမှတ်ကောင်းနေဖို့ ကိုယ့်ဘာသာ ကြိုးစားရမည်။ အမှတ်ကောင်းဟု ဆို၍ စာမေးပွဲ စစ်ခြင်း မဟုတ်၊ ပေးထားသော assignment များ ကို မှန်မှန် နှင့် ထူးခ္ဈန်စွာ လုပ်သွားရေး။ အားကစားတွင်ထူးခ္ဈန်ရေး နှင့် ပြင်ပ လူမှုရေး လုပ်ငန်း များတွင်မည်မျ စိတ်ပါဝင်စားစွာ ဆောင်ရွက် သနည်း စသည်တို့ အပေါ်တွင် အဓိက အမှတ်ပေးကြခြင်းသာ ဖြစ်သည်။
တြိဂံ တခု နှင့် တခု ဒေါင့်များ ညီက ထပ်တူ ညီမျ သည်ကို သင် ကြားပေးသော်လည်း ကျောင်းသားများ တကယ် သိမသိကို စာမေးပွဲ စစ်ပြီး စစ်ဆေးကြဖို့ စိတ်မ၀င်စားကြ။ ထိုအကြောင်းကို အခြေခံပြီး မည်မျ အထိ လက်တွေ့ တွင်တွေးတော ဆင်ခြင် နိုင်ကြသနည်း analytical thinking မည်မျ အထိ ရှိလာသလဲဆိုတာသာ ဆရာ နှင့် တပည့် အပြန်အလှန် ဆွေးနွေးကြခြင်း ဖြင့် နှိုက်ယူကြသည်။ က္ဈန်တော့်သား ၈ တန်း ကလေးအား social study ဘာသာရပ်အဖြစ် အင်္ဂလန် နှင့် မြန်မာ ပြည်၏ သမိုင်းကြောင်း။.နိုင်ငံရေး လူမှုရေး စီးပွားရေး ယဉ်ကျေးမှု အစရှိသည်တို့ ကို နှိုင်းယှဉ်ခိုင်းပြီး ကွာဟ ပါက အဘယ်ကြောင့် ကွာဟရသနည်းကို မှတ်ချက်
များနှင့် တင်ပြရန် ပရိုဂျက်ကြီး ချ ပေးလိုက်ပါတယ်။
ထိုအရွယ်က က္ဈန်တော်တို့ အဖို့ ဂျပန်နိုင်ငံသည် ဧရိယာ မည်မျ ကျယ်ဝန်းကြောင်း အစချီပြီး ဂျပန်နိုင်
ငံအကြောင်း အလွတ် အာဂုံ ဆောင်ခဲ့ရသည် နှင့် မည်မျ ကွာခြားနေပါသနည်း။ နိုင်ငံ၏ ဖွဲ့စည်းပုံကို ကိုးတန်း ကျောင်းသား ကတည်းက ညက်ညက်ကျေအောင် အပြန်အလှန် ဆွေးနွေးကြခြင်းဖြင့် သင်ကြားပို့ချခဲ့ကြပြီး ဖြစ်သည်။
ယင်းသည်ကား မိမိတို့ ကျောင်းသားများအား ခွက်ကြီးတခု အလား သဘောထားကာ ၎င်းတို့ လေ့လာထားသော pre-ordained knowledge များကို သွန်ချပေးခြင်း သက်သက်သာ ဖြစ်ပြီး အလွတ်ကျက်ကာသာ မှတ်သားထားကြလော့ ဟူသော ပညာရေးမျိုးသာ ဖြစ်ပေသည်။
သင်ရိုးညွှန်တန်းများကလည်း ခေတ်နှင့် မလျော်ညီတော့၊ လက်တွေ့ ဘ၀တွင် အသုံးချနိုင်သည့် ရှု့ဒေါင့်မျိုးမှ ရေးဆွဲထားခြင်းလည်း မရှိကြ၊ ထို့အတွက် ပညာရေးသည်ကား မည်သူမျှ အထင်ကြီးနိုင်သည့် အဆင့်သို့ ရောက်မလာကြတော့ပဲ မျောက်အုန်းသီးရ ပညာရေးမျိုးသာ ဖြစ်သွားရပေတော့သည်။
ဒီနေရာတွင် အတွေ့အကြုံလေး တခု တော့ ပြောပြချင်ပါသေးသည်။ က္ဈန်တော်ကား မြန်မာပြည်တွင် စက်မှူ ဘာသာရပ်ဖြင့် အောင်မြင်ခဲ့သော အင်ဂျင်နီယာ ဘွဲ့ ရဖြစ်ပေမယ့် အကြောင်းသိထား၍ လားလားမျ အသိအမှတ်ပြု ခြင်းမရှိ။ သူတို့ ဖွင့်လှစ်သော ဂျီတီအိုင်လို
ကျောင်းမျိုးကို တနှစ် သွားတက်ခဲ့ရသည်။
အတန်းထဲတွင် မိမိထက်များစွာ ငယ်သော အဖြူ ချာတိတ်များ
ရှိနေပြီး ဆရာက စာသင်လိုက် ပြန်မေးလိုက်လုပ်ကြ
ရာ အားလုံးက တယောက်တပေါက် ၀င်ရောက်
ဆွေးနွေးကြပေတော့သည်။ က္ဈန်တော်အဖို့ ကား
ထိုသို့ အကျင့် မရှိသဖြင့် မြန်မာပြည်မှာလို ဆရာက
လက်ညိုးထိုးပြီး မမေးမချင်း မဖြေ။ အချောင်ခိုနေ
ပေတော့သည်။ အမှန်ကား သူတို့ ပြောဆို နေကြ
သည်များက မိမိသိပြီး တတ်ပြီးသားများပင်။ သို့
သော် နှုတ်ကြီးကား ဆွံ့အ နေရပေသည်။
ဤသည်ကား ပညာရေး စနစ် ကွာဟခဲ့မှု၏ အကျိုး
ဆက်များပင်။
ယခုအခါ အစိုးရမှ နိုင်ငံခြား တက္ကသိုလ်များမှ ပညာ
ရေး အတိုင်ပင်ခံများကို ခေါ်ယူ၍ စီမံကိန်း များ ရေး
ဆွဲပြီး အနည်းဆုံး အာရှ နိုင်ငံများကို ခုန်ပျံကျော်လွှား
နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။
သုံးလတခါ ရီပိုကဒ်ဖြင့် ဘာသာရပ်တခု တွင် Not Meeting (Level 1), Basic (Level 2), Good (Level 3), Excellent (Level 4) ဟူ၍ သာ မှတ် ချက်ကိုသာ ပေးကာ
အိမ်သို့ ပို့ပေးခဲ့သည်။ ထို့အတွက် မြန်မာပြည်လို အောင်စာရင်း ဂုဏ်ထူးဟု အောင်စာရင်းကြီး ကပ်ကာ တိုးဝှေ့ကြည့်ရှု ကြရသည့် အဖြစ်များကို တခါမျ ပင်
ကြားဖူးခြင်း မရှိမည့် အဆိုပါ ပညာရှင်ကြီးများက ၎င်းတို့၏ စနစ်နှင့် ယဉ်ပါးခြင်း မရှိကြသေးသော လူထု အတွက် အတန်းကူးပြောင်းမှု စာရင်းဟု ပထမဆုံး စတင်
ပြောင်းလဲ ခေါ်ပါရန် အကြံပြု ခဲ့ကြခြင်းသာ ဖြစ် ပေလိမ့်မည်။
ပညာရေး ၀န်ကြီး အဆင့်ဖြင့် ပညာရေး စနစ်
တခုလုံးကို ကပြောင်းကဆန် ဖြစ်အောင် နှင့် အဆိုးဖက်သို့ ဦးတည်သွားမည့် အရေးကိုကား
ပညာရေး သည် တိုင်းပြည်ရဲ့ အသက်သွေးကြောဟု ခံယူထားသော ဒေါ် အောင်ဆန်းစုကြည်မှ မည်သည့် အခါတွင်မျ ခွင့် ပြု လိမ့်မည် မဟုတ်ဆိုသည်ကို ယုံကြည် လက်ခံ ထားကြရမှာ ဖြစ်ပါတယ်။
သို့သော် တခု ခက်နေသည်ကား အစိုးရ အနေဖြင့် လူထု နှင့် Communication တွင် လွန်စွာ အားနည်းနေရ၍ ရှင်းပြနိုင်ခြင်း မရှိသဖြင့် တခုခု လုပ်လိုက်တိုင်း ဘာမှန်း ညာမှန်း မတွေးနိုင်တော့ပဲ ဝေဖန်မှုတွေ ဆူညံစွာ ထွက်ပေါ်လာနေရခြင်း ဖြစ်သည်။
တိုင်းပြည် ဖွံ့ဖြိုးရေး အမျိုးသား စက်မှု လုပ်ငန်းများ ထူထောင်နိုင်ရေး အတွက် သုတေသန Research လုပ်နိုင်မှုသည် မည်မျှ အရေးကြီးကြောင်း ပညာရှင်တိုင်း ကောင်းစွာ နားလည်ကြသော်လည်း မြန်မာနိုင်ငံ အဖို့ research လုပ်နိုင်သူ လက်ချိုးရေတွက်၍ပင် ရနိုင်ပေသည်။ အမေရိကန် နှင့် အနောက်နိုင်ငံများ ထိပ်သို့ ရောက်နေရခြင်းမှာလည်း သုတေသန များမှ ကုန်ပစ္စည်း အသစ်များ ထုတ်လုပ်နိုင်ကြ၍သာ ဖြစ်သည်။ ထိုကဲ့သို့သော အဆင့်မြင် ပညာရေးမျိုးကို ကျွန်တော်တို့ သားသမီးများအား အမွေပေးနိုင်အောင် လူထုမှလည်း တတပ်တအား ၀ိုင်းဝန်းပံ့ပိုးသင့်လှသည်။
တြိဂံ တခုနှင့် တခု အဘယ်အကြောင်းများကြောင့် ထပ်တူညီကြောင်း။ ဂျီသြမေတြီ ၏ သီအိုရမ် များ သည် အဘယ်ဖြစ်ကြောင်း အလွတ်ကျက်မှတ်ကာ စာမေးပွဲ တွင် အမှတ်များစွာဖြင့် အောင်မြင်လာ
ခဲ့သည်ကို ဂုဏ်ယူ မနေသင့်တော့ပေ။
မိမိတို့ သားသမီးများ အဆိုပါ သင်ခန်းစာများအပေါ် အခြေတည်ပြီး ဘ၀ တသက်တာလုံး အသုံးချ သွားတတ်သည့် တွေးခေါ် မျော်မြင်မှု မျိုးကိုသာ တောင့်တ အပ်လှပေသည်။
HSW
Subscribe to:
Post Comments (Atom)
No comments:
Post a Comment