Latest News

Monday, April 10, 2017

ဘုရားပွဲတွင်​ ​စောင်းကြည့်​ရာမှ တစ်​​ယောက်​တစ်​ခွန်း စကားများပြီးဓားထိုးမှုဖြစ်​ပွား

 

ဘုရားပွဲတွင်​ ​စောင်းကြည့်​ရာမှ တစ်​​ယောက်​တစ်​ခွန်း
စကားများပြီးဓားထိုးမှုဖြစ်​ပွား
=================
ပဲခူးမြို
pl့၊မြို့မရဲစခန်းအပိုင်​ ​ရွှေ​မော်​​ဓောဘုရားပွဲဝန်း ​မြောက်​ဘက်​မုဒ်​ ပင်​လယ်​ဓားမြ အ​ပျော်​စီး​လှေ​ရှေ့တွင်

(9.4.2017)​နေ့ ည(12)နာရီအချိန်​ခန့်​က ဓားထိုးမှုတစ်​ခုဖြစ်​ပွားခဲ့သည်​။ဖြစ်​စဉ်​မှာအ​ပျော်​စီး​လှေ​ရှေ့တွင်​ ​မောင်​​အောင်​မြင့်​မြတ်​(18)နှစ်​၊(ဘ)ဦးဝင်းနိုင်​၊ဗမာ/ဗုဒ္ဓ၊လယ်​လုပ်​၊ကမာနတ်​​ကျေးရွာ၊ပဲခူးမြို့​နေသူနှင့်​ သူရထွန်း(19)နှစ်​၊(ဘ)ဦးထွန်းထွန်းဝင်း၊အလင်း​ရောင်​(၁)၊(၇)လမ်း၊နန်း​တော်​ရာရပ်​ကွက်​​နေသူပါ(၇)ဦးတို့
နှင့်​​စောင်းကြည့်​ရာမှ တစ်​​ယောက်​တစ်​ခွန်းစကားများပြီး
သူရထွန်းမှ အရိုးအသွား(13)လက်​မခန့်​ရှိ ဓားဦးချွန်​ဖြင့်
ထိုးပြီးကျန်​သူများမှ ချိန်းကြိုး၊ကြံ​ချောင်းများနှင့်​ဝိုင်းဝန်း
ရိုက်​ခဲ့ရာ ​အောင်​မြင့်​မြတ်​တွင်​ ဦး​ခေါင်း​ပေါက်​ပြဲဒဏ်​ရာ
နောက်​​ကျောနှင့်​​ကျော​အောက်​တို့တွင်​ ၁လက်​မခန့်
ထိုးသွင်းဒဏ်​ရာများရရှိခဲ့သဖြင့်​ပဲခူးပြည်​သူ့​ဆေးရုံကြီး
တွင်​ အတွင်းလူနာ(မစိုးရိမ်​ရ)ဖြင့်​​ဆေးကုသမှုခံယူလျှက်
ရှိပြီး စခန်းမှ သူရထွန်းပါ(7)ဦးတို့အား (ပ)၆၉၃/၂၀၁၇
ရာဇသတ်​ကြီးပုဒ်​မ ၃၂၆/၁၁၄ အရအမှုဖွင့်​အ​ရေးယူ
ထား​ကြောင်းသတင်းရရှိသည်​။

Ko Thant Zin
 

No comments:

Post a Comment