♦ ဆီးရီးယား (ရုရှား၊ အီရန် VS အမေရီကန်)
• ပြီးခဲ့တဲ့ရက်ပိုင်းမှာ မြေထဲပင်လယ်ကအမေရီကန်ရေတပ် ကနေ တွမ်ဟွာခ့်ဒုံးအလုံး (၆၀) နဲ့ ဆီးရီးယားကိုပစ်ခတ်
တိုက်ခိုက်ပြီးတဲ့နောက်မှာ ဆီးရီးယားသမ္မတအာဆတ်ရဲ့ မဟာမိတ် ရုရှားနဲ့ အီရန်က နောက်ထပ်ဆီးရီးယားကို အမေ ရီကန်ဘက်က အခုလိုထပ်ပြီးတိုက်ခိုက်မယ်ဆိုရင် သူတို့  (ရုရှားနဲ့ အီရန်) အနေနဲ့ အင်အားသုံးတုန့် ပြန်မယ် လို့ ပြော လိုက်ပါပြီ။
အမေရီကန်ဦးဆောင်တဲ့အုပ်စုအနေနဲ့  ISIS ကိုခြေမှုန်းရေးအကြမ်းဖက်တိုက်ဖျက်ရေးထက် လက်ရှိဆီးရီးယားအစိုးရ ကိုပြုတ်ကျရေးလုပ်နေတာလို့  လည်းစွပ်စွဲလိုက်ပါတယ်။”Attack will begin soon, we will no longer wait here, idle, waiting for the United States,” လို့ သုံးနှုံးသွားတဲ့ဗီဒီယိုဖိုင်ကို အောက်ဆုံးတွင်တွဲတင်ပေးထား ပါသည် ။
♦ မြောက်ကိုရီးယား (မြောက်ကိုရီးယား VS တောင်ကိုရီးယား အမေရီကန်)
• လေယာဉ်တင်သင်္ဘော ကားလ်ဗင်ဆန်ဦးဆောင်သည့် အမေရီကန်ရေတပ်တိုက်ခိုက်ရေးသင်္ဘောအုပ်စုကြီးဟာ နော က်ထပ် (၄၈) နာရီအတွင်းမှာ အနောက်ပစ္စိဖိတ် သမုဒ္ဒရာကနေ ကိုရီးယားကျွန်းဆွယ်ကိုရောက်ရှိတော့မှာ ဖြစ် ပါတယ်။ အမေရီကန်အနေနဲ့ နိုင်ငံတကာရေပြင် ပိုင်နက်မှာ အခုလိုတရားဝင်သွားလာခြင်းပြုနိုင်ပေမဲ့ မြောက်ကိုရီးယား အနေနဲ့ ကတော့ သူ့ ကိုတိုက်ဖို့ လာတာ လို့ ပဲယူဆထားပြီးခဲ့ပါပြီ။
• မြောက်ကိုရီးယားအနေနဲ့ အမေရီကန်ရဲ့အခုလိုပြုမူချက် ကို ပြင်းပြင်းထန်ထန်တုံ့ ပြန်သွားမည် စစ်ဖြစ်ဖို့ အဆင်သင့်
ရှိသည်လို့  မြောက်ကိုရီးရားရဲ့နိုင်ငံပိုင်ရုပ်သံသတင်းဌာနမှ သည်နေ့ ပြင်းပြင်းထန်ထန်ပဲတုံ့ ပြန်ခဲ့ပါပြီ။ ဆိုလိုရင်းက
တော့ အမေရီကန်ရေတပ် ကိုရီးယားကျွန်းဆွယ်ကိုရောက် တာနဲ့ စစ်ဖြစ်ပြီဆိုတဲ့သဘောပါပဲ။ ကင်ဂျုံအန်းအနေနဲ့ 
လာမဲ့ စနေနေ့ မှာကျရောက်မဲ့သူ့ အဖိုးကင်မ်အီဆန်းရဲ့ မွေးနေ့ မှာ ဒုံးကျည်စမ်းသပ်ပစ်ခတ်ဖို့ လည်းရှိနေပါတယ်။
ဒုံးကျည်မစမ်းတော့ပဲတကယ်ပစ်ကုန်ကြမလားဆိုတာက တော့ နောက်ထပ် (၇၂) နာရီမှာသိရဖို့ ရှိနေပါတယ်။
♦ မြောက်ကိုရီးယား၏ဒုံးများနှင့် ပစ်ခတ်နိုင်သောအကွာအဝေး
– စကာဒ်ဒုံး (Scud) = မိုင် (၅၀၀)
– ရိုဒေါင် (Rodong) = မိုင် (၈၀၀)
– တေပိုဒေါင်- ၁ (Taepodong -1) = မိုင် (၁၅၀၀)
– မူဆူဒွန် (Musudon) = မိုင် (၁၈၀၀)
– တေပိုဒေါင်-၂ (Taepodong – 2) = မိုင် (၄၁၀၀)
မြောက်ကိုရီးယားဟာ ၂၀၁၆ ဇန္န၀ါရီလမှာ Richter Scale 5.1 ရှိတဲ့မြေအောက် နျူကရီယာစမ်းသပ်ဖေါက်ခွဲမူမှာ ဟိုက်ဒြိုဂျင်ဗုံးကိုအောင်မြင်စွာစမ်းသပ်ဖေါက်ခွဲနိုင်ခဲ့ပြီလို့  ကြေညာထားခဲ့ပါတယ်။ ပြီးခဲ့တဲ့သုံးနှစ်အတွင်းမှာ မြေ အောက်နျူကရီယာစမ်းသပ်မူ လေးကြိမ်ပြုလုပ်ခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ အနည်းဆုံးနျူကရီယာဗုံး အလုံး
(၂၀) ပိုင်ဆိုင်နေပြီလို့ ဆိုပါတယ်။ အမေရီကန်ပိုင် ဂူအမ် ကျွန်းနဲ့  ဟာဝိုင်အီတို့ ကို မြောက်ကိုရီးယားတာဝေးပစ်
ဒုံးတွေရောက်ပြီလို့  ပြီးခဲ့တဲ့မတ်လ (၂၀၁၇) မှာမြောက် ကိုရီးယားက ကြေညာခဲ့ပါတယ်။
• လောလောဆယ်တရုတ် PLA တပ်အင်အား တစ်သိန်းခွဲ ကို ကီလိုမီတာ (၁၄၂၀) ရှည်လျှားတဲ့ မြောက်ကိုရီးယား
နဲ့ တရုတ်နယ်စပ် မြစ်ဝါမြစ်တစ်လျှောက်မှာချထားလိုက် ပါပြီ။ သမ္မတ ထရမ်ပ့်နဲ့ သမ္မတ ဇီ၈ျင်ပင်းတို့ တွေ့ ဆုံပြီး နောက်မှာ တရုတ်ဘက်က သူ့ အိမ်ဘေးမှာ မြောက်ကို ရီးယားနဲ့  အမေရီကန် ရန်ဖြစ်ကြဖို့ အမေရီကန်ကိုခွင့်ပြု လိုက်တဲ့သဘောဖြစ်နေပါတယ်။ ဒါဟာ ၁၉၅၂ မှာဖြစ်ခဲ့ တဲ့ မကြေငြာတဲ့ ကိုရီးယားစစ်ပွဲနဲ့ ကွာခြားချက်ပါပဲ။ ပြီးခဲ့ တဲ့ကိုရီးယားစစ်မှာတော့ တရုတ်ကမြောက်ကိုရီးယား ဘက်ကနေ၀င်တိုက်ခဲ့တာပါ။ တရုတ်အနေနဲ့  အကယ်၍ အမေရီကန်ဘက်ကတိုက်ခိုက်ခဲ့လျှင် တရုတ်ပြည်ထဲကို ကျွံလာမဲ့ဒုက္ခသည်တွေနဲ့ စစ်ပြေးတွေကိုကာကွယ်ဖို့  အတွက်ပဲ ဖြစ်ပါတယ်။
• တရုတ်အနေနဲ့ အခုလိုသူ့ အိမ်ဘေးမှာ ရန်ဖြစ်ခွင့်ပေး လိုက်ခြင်းရဲ့အခြေခံအကြောင်းရင်းကတော့ စီးပွားရေးပါ
ပဲ။ အနှေးနဲ့ အမြန်ဆိုသလိုစစ်ဖြစ်လာနိုင်တဲ့ မြောက်ကိုရီး ယားနဲ့ အမေရီကန်တင်းမာမူဟာ တရုတ်ရဲ့စီးပွားရေး
အင်ပါယာကိုချိမ်းခြောက်လာနေလို့ ပါပဲ။
မြောက်ကိုရီး ယားရဲ့ IBM ခေါ် Intercontinental Ballistic Missiles တွေဟာ အမေရီကန်အထိအကွာအဝေးကို လှမ်းပစ်နိုင် ခြင်းရှိမရှိ နျူကရီယထိပ်ဖူးတပ်နိုင်ခြင်းရှိမရှိ အမေရီကန် အစိုးရနဲ့ ပညာရှင်တွေအတွင်း ငြင်းခုံနေရာကနေ ၂၀၁၅ ခုနှစ်မှာ အမေရီကန်ထောက်လှမ်းရေးသတင်းအရ မြောက် ကိုရီးယားလွှတ်တင်ထားတဲ့ ဂြိုလ်တုနှစ်လုံးဟာ နျူကရီ ယာထိပ်ဖူးကိုသယ်ဆောင်သွားနိုင်ပြီး ယူအက်စ်ကိုကောင်း ကင်ကနေတိုက်ရိုက်တိုက်ခိုက်နိုင်စွမ်းရှိနေပြီလို့ ဆိုပါ တယ်။
တရုတ်အနေနဲ့  မြောက်ကိုရီးယားကလက်ဦးမူ ယူပြီးအမေရီကန်ကိုတိုက်ခိုက်ခဲ့လျှင် အသေအပျောက် အပျက် အစီးမည် မျှရှိသည်ဖြစ်စေ အမေရီကန်စီးပွားရေး ပျက်မှာဖြစ်ပြီး အမေရီကန်နဲ့ ပူးချည်ထားတဲ့တရုတ်စီးပွား ရေးပါပျက်မှာဖြစ်လို့ ပါ ပဲ။ တရုတ်အနေနဲ့  သူ့ အကျိုးစီး ပွားအတွက် အမေရီကန်ကိုအခုလိုခွင့်ပြုလိုက်ခြင်းပါပဲ။ တရုတ်ဟာ တဘက်ကလည်း ယူအက်စ်နဲ့  မြောက်ကိုရီးယား တို့ အနေနဲ့ ”Head-On Collision” ခေါင်းချင်းဆိုင်မတိုက် ကြဖို့ သတိပေးနေတာ ကို လည်းတွေ့ ရကြောင်းပါ။
• တရုတ်ရဲ့ဆုံးဖြတ်ချက် မှန်သည်ဖြစ်စေမှားသည်ဖြစ်စေ ဒိုမီနိုအဖက်တ် Domino Effect အရ အင်မတန်ရှုပ်ထွေး
တဲ့ ဒေသတွင်းပြဿနာတွေလည်းဖြစ်လာစရာရှိပါတယ်။ အမေရီကန်အနေနဲ့  ပြီးခဲ့တဲ့အပတ်က ဆီးရီးယားကိုတိုက်
ခိုက်ခဲ့သလို မြောက်ကိုရီးယားကိုလည်းအလားတူတိုက် မယ်ဆိုလျှင် မြောက်ကိုရီးယားက ဆီးရီးယားလိုငြိမ်ခံနေ လိမ့် မည်မဟုတ်။ အမေရီကန်ကတိုက်ပြီဆိုတာနဲ့ အမေရီကန် ကို နျူကရီယာနဲ့ တုန်ပြန်မယ်လို့  မြောက်ကိုရီးယားကပြော လိုက်ပါပြီ။ စစ်အတွက်အသင့်ပဲလို့ လည်းပြောပြီးပါပြီ။
• အမေရီကန်နဲ့ မြောက်ကိုရီးယားဖြစ်လျှင် ဂျပန်မှာရှိတဲ့ အမေရီကန်အခြေစိုက်စခန်းတွေကို သုံးရတော့မှာဖြစ်ပါ တယ်။ သည်တော့မြောက်ကိုရီးယားအနေနဲ့  တောင်ကိုရီး ယားကိုသာမကဂျပန်ကိုပါ လှမ်းပစ်တော့မှာဖြစ်ပါတယ်။ ဂျပန်ရဲ့အနေ အထားကလည်း ဘေးကျပ်နံကျပ်ဖြစ်နေတယ် လို့ ပြောရမှာပါ။ တရုတ်နဲ့ ဂျပန်ကြား ကျွန်းကိစ္စအငြင်းပွားမူ နဲ့ တင်းမာမူေ တွကလည်းရှိနေပါသေးတယ်။ စစ်ဖြစ်ပြီဆိုရင် ဘာညှိနှိုင်းမူမှယူမထားတဲ့ တရုတ်နဲ့ ဂျပန်ကြားဆက်ဆံရေး ဟာစိတ်ဝ င် စားစရာတစ်ခုပါပဲ။
• တောင်ကိုရီးယားအနေနဲ့ ကတော့ စစ်အတွက်အဆင် သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ ဒါပေမဲ့လူဦးရေ (၁၀) သန်း
ရှိတဲ့ ဆိုးလ်လိုမြို့ကြီးကပြည်သူတွေစိုးရိမ်နေကြခြင်းက လည်းမဆန်းပါဘူး။ ကင်ဂျုံအန်းနဲ့ မြောက်ကိုရီးယားဟာ
ချောင်ပိတ်အရိုက်ခံရမယ်ဆိုရင် သေမထူးနေမထူးလိုဖြစ် ပြီး ရှိသမျှနဲ့ အကုန်ပစ်တော့မှာပါ။
ရုရှားအနေနဲ့ ကလည်း ယူအက်စ်က မြောက်ကိုရီးယားကိုတိုက်ပြီဆိုရင် သူ့ ရပ် ကွက်မှာဖြစ်တဲ့ပြဿနာမှာ သူ့ မဟာ မိတ်မြောက်ကိုရီးယား ကိုလာတိုက်တာကို လက်ပိုက်ကြည့်နေပါ့မလားဆိုတာ ဟာ အင်မတန်ကြော က်စရာမေးခွန်း တစ်ခုပါပဲ။ ပူတင်ပြန် တက်လာပြီးနောက် ရုရှားဟာ၂၀၁၄ ခုနှစ်မှာ မြောက် ကိုရီးယားရဲ့အကြွေး (၁၀) ဘီလီယံ ကိုေ ရှာ်ပြစ်ခဲ့ပါတယ်။
ဒါဟာ ရုရှားနဲ့ မြောက်ကိုရီးယားရဲ့ဆက်ဆံရေးအနေထားရဲ့ ပြယုဂ်တစ်ခုလို့ လည်းဆိုနိုင်ပါတယ်။ အမေရီကန်ဟာ
မြောက်ကိုရီးယားကို နျူကရီယာလက်နက်အကြောင်းပြု ပြီးအခုလိုတိုက်ခိုက်မယ်ဆိုရင် အီရန်အနေနဲ့ လည်းစဉ်း
စားစရာဖြစ်လာပါတယ်။ အီရန်နဲ့ မြောက်ကိုရီးယားဟာ ၂၀၁၂ ခုနှစ်မှာ သိပ္ပံနဲ့ နည်းပညာပူးပေါင်းဆောင်ရွက်ရေး စာချုပ်ကို နှစ်နိုင်ငံသဘောတူလက်မှတ်ထိုးထားကြပြီး နျူကရီယာနည်းပညာတွေကိုဖလှယ်နေခဲ့ကြလို့ ပါပဲ။
သည်တော့ လက်ရှိဆီးရီးယားပြဿနာကိုအရင်းတည်ပြီး အီရန်ဟာရုရှားနဲ့ အတူဆီးရီးယားဘက်ကရှိတယ် – အမေ ရီကန်ကနောက်တစ်ခါဆီးရီးယားကိုတိုက်ရင်အင်အားသုံး တုံ့ ပြန်မယ်ဆိုတာဟာ အီရန် ရုရှားနဲ့  မြောက်ကိုရီးယားတို့ 
ရဲ့စည်းလုံးမူကိုပြသနေတာပါပဲ။
• သမ္မတရွေးကောက်ပွဲမှာပြောခဲ့တဲ့အတိုင်းလုပ်နေတဲ့ (ပြောတဲ့အတိုင်းလုပ်တတ်တဲ့) ထရမ့်ပ်နဲ့  တစောက်ကန်း ကင် မ်ဂျုံအန်းတို့ တွေ့ ကြပြီလို့ ပဲဆိုရမှာပါ။ အမေရီကန် သမ္မတေ၈ျာ့ဒဗလျူဘုရှ်လက်ထက်က သမ္မတရဲ့အထူးအကြံ
ပေးအရာရှိ ဒန်းနစ်စ်ဝိုင်းလ်ဒါး ကတော့ ကမ္ဘာကြီးအနေနဲ့  ကင်မ်၈ျုံအန်းကိုရော ဒေါ်နယ်လ်ထရမ့်ကိုပါ လျှော့မတွက်
ကြဖို့  သတိပေးတာကိုတွေ့ ရပါတယ်။
• သည်နေ့ အမေရီကန်သမ္မအိမ်ဖြူတော်မှာ လုပ်ခဲ့တဲ့ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာတော့ ရုရှား၊ အီရန် မြောက်ကိုရီးယား ဆိုတဲ့ ဝေါဟာရတွေကို အမေရီကန် ဘက်က ထပ်တလဲလဲသုံးသွားခဲ့ပါတယ်။ ပူတင်ကိုလည်း နာမည်ခေါ်ပြီးပြောသွားတဲ့အထိပြင်းထန်တယ်လို့ ဆိုရ မှာပါ။
အမေရီကန်ဘက်က Decapitation Strike နည်း ကိုသုံးမည် – မြောက်ကိုရီးယားရဲ့ နျူကရီယာလက်နက်တိုက် ကိုအမြန်ဖျက်ဆီးပြီး ကင်ဂျုံအန်းကိုပါအပြီးလုပ်ကြံသတ်ဖြတ် မဲ့နည်းမျိုးသုံးလိမ့်မည်လို့ လည်းသုံးသပ်တာကိုတွေ့ ရကြောင်း ပါ။
အမေရီကန်အနေနဲ့  ကင်မ်ဂျုံအန်းကိုဖြုတ်ချဖို့ မဟုတ်ဘူး Regime Change ဖို့ မဟုတ်ဘူး မြောက်ကိုရီးယားရဲ့ အနုမြူ လက်နက်တွေကို တားဆီးဖို့ လို့ လေသံပစ်နေပေမဲ့ နောက် ထပ် (၇၂) နာရီမှာ ဘာဖြစ်မလဲဆိုတာကတော့ ကမ္ဘာကြီးနဲ့  လူသားအားလုံးကံကောင်းကြပါစေလို့ ပဲဆုတောင်းနေရတော့ မဲ့အဖြစ်ပါ။ မြောက်ကိုရီးယားရုပ်သံမှာတော့ မြောက်ကိုရီး ယား ပြည်သူက အမေရီကန်နဲ့ ချဖို့ စိတ်ဓါတ်ရေးရာအရခိုင်မာနေ တာကိုတွေ့ ရကြောင်းပါ။
♥ Hlaing Bwa April 12nd, 2017
♦ Post Script: စောစောကမိနှစ်ပိုင်းအတွင်းမှာပဲ မြောက်
ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ War Declaration Speech ဆိုပြီး သူရဲ့လူထောင်ချီပါဝင်တဲ့ ပါလီမန်ကနေ
မိန့် ခွန်းပြောပြီး အမေရီကန်ကို စစ်ကြေညာမိန့် ခွန်းပြော ကြားလိုက်ပြီဖြစ်ကြောင်းပါ။ သူပြောသွားတဲ့ပုံအရသူက တောင် အမေရီကန်ကိုလက်ဦးမူယူပြီချမဲ့ပုံမျိုးပြောသွား တာကိုတွေ့ ရပါတယ်။
references:
http://www.independent.co.uk/…/russia-iran-us-america-syria…
https://www.thesun.co.uk/…/russia-and-iran-say-they-will-r…/
http://www.theaustralian.com.au/…/9818d68109eb09420ab0d2848…
http://www.nbcnews.com/…/north-korea-state-media-warns-nucl…
http://www.nbcnews.com/…/north-korea-state-media-warns-nucl…
မြတ်သူထွန်း
No comments:
Post a Comment