Latest News

Tuesday, April 11, 2017

မြောက်ကိုရီးယား ပြဿနာ တရုတ် မကူလည်း ဖြေရှင်းနိုင်ဟု ထရမ့် ပြောကြား

မြောက်ကိုရီးယား ပြဿနာ တရုတ် မကူလည်း ဖြေရှင်းနိုင်ဟု ထရမ့်ြေေပြောကြ
ား

အမေရိကန်သမ္မတ ဒေါနယ်ထရန့် က မြောက်ကိုရီးယား ပြဿနာကို တရုတ်က ပါဝင်ကူညီခြင်းမရှိခဲ့ရင်လည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ ဖြေရှင်းဘို့ အဆင်သင့်ဖြစ်နေပြီလို့အင်္ဂါနေ့က ပြောလိုက်ပါတယ်။

သမ္မတထရန်က ကျနော့်အနေနဲ့ တရုတ်သမ္မတ ဇီကျင်းပင်ကို ရှင်းပြခဲ့ပြီးဖြစ်ပါတယ်။မြောက်ကိုရီးယားပြဿနာကို ဖြေရှင်းပေးခဲ့မယ်ဆိုရင် အမေရိကန်နဲ့ ကုန်သွယ်မူတွေအများကြီးကို အဆင်ပြေချောမွေ့နိုင်စရာ တွေဖြစ်လာလိမ့်မယ်လို့ အစောပိုင်းကထရန်ပေးပို့တဲ့ တွစ်တာမှာ ဖေါ်ပြထားပါတယ်။

လက်ရှိမှာ ကိုရီးယားကျွန်းဆွယ်ကို လေယာဉ်တင်သင်္ဘောUSS Carl Vinson နဲ့ ဒုံးခွင်းဒုံးပျံတွေတပ်ဆင်ထားတဲ့ တိုက်သင်္ဘောဘော အုပ်စုကို စေလွှတ်ထားတာဖြစ်ပါတယ်။

အခုလိုအမေရိကန်ရဲ့ ဆောင်ရွက်ချက်နဲ့ပတ်သက်လို့ ရန်လိုမှုဖြစ်တယ်လို့မြောက်ကိုရီးယားက အစိုးရသတင်းက တုန့်ပြန်ထားပြီးလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအရ မြောက်ကိုရီးယားအနေနဲ့ နူကလိယာလက်နက်အပါအ၀င်ဘယ်လိုလက်မျိုးကိုမဆိုတပ်ဆင်ခွင့်ရှိတယ်လို့ ရေးသားထားပါတယ်။

တဆက်တည်း ရိုက်တာသတင်းတရပ်မှာ ဖေါ်ပြချက်အရ သမတထရန်က မြောက်ကိုရီးယားရဲ့အပြုအမူတချို့အပေါ်မှာ သည်းမခံနိုင်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘယ်လိုအပြုအမူမျိုးဖြစ်တယ် ဆိုတာတော့ ထုတ်ဖေါ်ပြောခြင်းမရှိပါဘူး။ RFA

No comments:

Post a Comment