Latest News

Wednesday, April 26, 2017

လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် အလုပ်အကိုင် ဖန်တီးပေးရေးဆောင်ရွက်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် အလုပ်အကိုင် ဖန်တီးပေးရေးဆောင်ရွက်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ပြည်သူလူထုအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးဆောင်ရွက်ပေးမည်ဖြစ်ပြီး အလုပ်အကိုင်ဖန်တီးပေးရေးကိုလည်း မျဉ်းပြိုင်သဘောမျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ပြောဆိုသည်။

နိုင်ငံတော်၏ စွမ်းအင်မူဝါဒ ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(MICC-2)၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။

"ရာသီစုံ သွား၍ရပြီး လျှပ်စစ်မီးမရရှိသည့်နေရာများတွင် လျှပ်စစ်မီးရရှိပါက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စီးပွားရေးအခွင့်အလမ်းများ ရရှိလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ပြည်ပမှစီးပွားရေးလုပ်ငန်းရှင်များကလည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး လျှပ်စစ်မီးရရှိပါက ရင်းနှီးမြှုပ်နှံလိုသည့် စိတ်များဖြစ်ပေါ်မည်ဖြစ်ကြောင်း၊ ပြည်သူလူထုအား လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးဆောင်ရွက်ပေးမည်ဖြစ်ပြီး အလုပ်အကိုင်ဖန်တီးပေးရေးကိုလည်း မျဉ်းပြိုင်သဘောမျိုး ဆောင်ရွက်သွားမည်" ဖြစ်ကြောင်း ယင်းကပြောဆိုသည်။

ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အား
နည်းသကဲ့သို့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့်
ဗဟိုအစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မှု အားနည်း
နေသည့် ပြဿနာများကို အရေးတကြီး ဖြေရှင်းရန် လို
အပ်ကြောင်းလည်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏ စွမ်းအင်မူဝါဒမျှော်မှန်းချက်မှာ နိုင်ငံ
တော်စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေပြီး တိုးမြင့်
လာသော ပြည်တွင်းစွမ်းအင်လိုအပ်ချက်ကို စဉ်ဆက်မပြတ်
ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ထားသည့်အတွက် ပြည်သူ
အားလုံး စွမ်းအင်သယံဇာတအရင်းအမြစ်များကို ရေရှည်
အသုံးပြုနိုင်ရေးဦးတည်လျက် တိုင်းဒေသကြီးနှင့် ပြည်နယ်
များအကြား မျှတမှန်ကန်စွာ ခွဲဝေအသုံးချနိုင်မည့် စွမ်းအင်
မူဘောင်တစ်ရပ်ချမှတ်ရန် မျှော်မှန်းထားသည်။

နိုင်ငံတော်၏ စီးပွားရေးမူဝါဒအသစ်နှင့်အညီ အကောင်
အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများကို အထောက်
အပံ့ဖြစ်စေမည့် စွမ်းအင်မူဝါဒအဖြစ် ကျင့်သုံးရန်၊ စွမ်းအင်
သယံဇာတ အရင်းအမြစ်ထုတ်ယူရာ ဒေသအပါအ၀င်
တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဘက်ညီမျှတစွာ
ခွဲဝေသုံးစွဲနိုင်စေသည့် အခွင့်အလမ်းများ ဖန်တီးပေး၍
လူ့စွမ်းအား အရင်းအမြစ်တိုးမြင့်ရေး ဆောင်ရွက်ရန်၊ နိုင်ငံ
တော်စီးပွားရေးဖွံ့ဖြိုးမှုအတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီး
မြှုပ်နှံမှုများ တိုးတက်လာစေမည့် လျှပ်စစ်နှင့် စွမ်းအင်ဆိုင်
ရာ အခြေခံအဆောက်အအုံများရရှိရေး ဦးတည်ဆောင်
ရွက်ရန်၊ သဘာဝသယံဇာတ အရင်းအမြစ်များကို ရေရှည်
ထိန်းသိမ်းလျက် လူမှုပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး
ဖြစ်စေသော စွမ်းအင်ထုတ်လုပ်မှုနှင့် ပြည်သူအားလုံး
ပူးပေါင်းပါဝင်သော စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲ
မှုများဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်မည့် စွမ်းအင်
စနစ်တစ်ခု ထူထောင်ရန်၊ ရင်းနှီးမြှုပ်နှံရာ၌ စွမ်းအင်
ထုတ်လုပ်သူနှင့် စွမ်းအင်သုံးစွဲသူတို့ နှစ်ဦးနှစ်ဖက် စီးပွား
ရေးအာမခံချက်ရှိစေမည့် စွမ်းအင်ဈေးနှုန်းကို ညှိနှိုင်း
အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

(မြန်မာတိုင်းမ်)

No comments:

Post a Comment