Latest News

Sunday, April 23, 2017

ချောင်းသာကမ်းခြေသို့ အပန်းဖြေရန်ရောက်လာသူများဖြင့် ကြိတ်ကြိတ် တိုးစည်ကားနေပူရှိန်သက်သာစေရန် အုန်းလက်ဦးထုပ်ဝယ်ယူမှုများပြား

ချောင်းသာကမ်းခြေသို့ အပန်းဖြေရန်ရောက်လာသူများဖြင့် ကြိတ်ကြိတ် တိုးစည်ကားနေပူရှိန်သက်သာစေရန် အုန်းလက်ဦးထုပ်ဝယ်ယူမှုများပြား

ပုသိမ် ဧပြီ ၂၃

ချောင်းသာကမ်းခြေသို့ ပြည်တွင်းခရီးသွားများ နှင့် နိုင်ငံခြားသားခရီးသွားများ နှစ်စဉ် ရောက်ရှိကာ ကမ်းခြေ၌ အုန်းစိမ်းသောက်၊ ငါးကင်၊ ပုစွန်ကင်၊ ပင်လယ်စာအမျိုးမျိုး၊ ကြက်ကင်အစရှိသည်တို့ စားသောက်ခြင်း၊ ပင်လယ်ရေချိုးခြင်းများကို တစ်နေကုန်နီးပါး ပြုလုပ်ကြရာ နေအပူရှိန်သက်သာစေရန် အုန်းလက်ဦးထုပ် ဝယ်ယူဆောင်းလေ့ရှိ သည်။

''ကျွန်မတို့ ချောင်းသာမှာဆိုရင် အမှတ် (၃)ရပ်ကွက်နဲ့ အမှတ်(၄)ရပ်ကွက်က အုန်းလက်ဦးထုပ်လုပ်ငန်းကို ဇောက်ချ လုပ်ကြပါတယ်။ နှစ်စဉ် တော်သလင်းလဆန်း ၂ ရက် ၃ ရက်ဆို စလုပ်စရောင်းချပါတယ်။ တစ်လုံး ငွေကျပ် ၅ဝဝ နဲ့ ရောင်းပါတယ်။ ချောင်းသာပတ်ဝန်းကျင် ရွာတွေဖြစ်တဲ့ ရေသိုးရွာ၊ ဖိုးမောင်ဂျိုင်ရွာ၊ သဇင်ရွာ၊ ကံကြီး ရွာ၊ ကညင်ကွင်းရွာတွေကို စက်လှေနဲ့ သွားဝယ်ပြီး အုန်းလက် ငါးလက်ကို ကျပ် ၂ဝဝဝ၊ အပင်ပေါ်တက်ခုတ်ခ ငါးလက်ကို ကျပ် ၂ဝဝဝ၊ ထော်လာဂျီနဲ့ တိုက်ယူခနဲ့ စက်လှေဖြင့် သယ်ခ ကျပ် ၂ဝဝဝ စုစုပေါင်း ငါးလက်ကို ခြောက်ထောင်ကျတယ်။ တစ်လက်ကို ခလယ်ကောင်ကခွဲယူပြီး တစ်ခြမ်းကို နှစ်လုံးထွက်တာရှိသလို သုံးလုံးအထိလည်း ထွက်တယ်။ အလက်အတို အရှည်ပေါ် မူတည်တယ်။ တစ်လက်လေးလုံး ကနေ ခြောက်လုံးအထိရတယ်။ နှစ်စဉ်သင်္ကြန် မတိုင်ခင် ကိုယ်တိုင်လည်း လုပ်တယ်၊ လူငှားနဲ့လည်း လုပ်ရတယ်။ လူငှားနဲ့ လုပ်ရင် တစ်လုံးလက်ခ ၁၅ဝ ပေးရတယ်။ မနက် ၆ နာရီ၊ ၇ နာရီလောက်ကနေ ညနေ ၆ နာရီအထိဆိုရင် အလုံး ၁ဝဝ ဝန်းကျင်ပြီး တယ်။ မမြန်တဲ့သူဆိုရင် အလုံး ၇ဝ ပဲ ပြီး တယ်။ အလုံး ၁ဝဝ ပြီးတဲ့သူတစ်ယောက်ဟာ တစ်ရက် ၁၅ဝဝဝ ရပါတယ်။ ဒီနေ့ သုံးယောက်ရောင
်းတာ ၁ဝ၈ လုံး ရောင်းရပါ တယ်။ မနက်ဖြန် ရောင်းဖို့သွားထိုးရဦးမယ်။ နှစ်စဉ် မေလထဲအထိ အုန်းလက်ဦးထုပ် လုပ်ရောင်းပါတယ်။ မိုးတွင်းဆို ကျွန်မတို့က မလုပ်တော့ဘူး။ ကမ်းခြေမှာ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တွေမှာ နှစ်ဦး၊ သုံးဦးလောက်တော့ လုပ်ရောင်းပါတယ်'' ဟု ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ကိုကိုနိုင်(မြင်းမူ)

No comments:

Post a Comment