Latest News

Saturday, April 29, 2017

ဝမ်းတွင်း အမှတ်၂ ခရိုင်ချင်းဆက်တံတား ကားဖြတ်ကူးစဉ် ကျိုးကျ

ဝမ်းတွင်း အမှတ်၂ ခရိုင်ချင်းဆက်တံတား ကားဖြတ်ကူးစဉ် ကျိုးကျ
 

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် အမှတ် ၂ ခရိုင်ချင်းဆက်လမ်း ကန်စွယ်ရွာထိပ်ရှိ သစ်သားခင်း တံတားပေါ် သော်တာဝင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံး ကားဖြတ်စဉ် တံတားကျိုးကျသွားခဲ့ပါတယ်။

ဝမ်းတွင်းမြို့ ဆောက်လုပ်ရေးဌာန AE ဒေါ်ခင်သန်းနွဲ့က “အမှတ် ၂ ခရိုင်ချင်းဆက်လမ်း ဝမ်းတွင်းမြို့နယ် အပိုင်း ၁၁ မိုင်နဲ့ ၅ ဖာလုံရှိပါတယ်။ အခုဖြစ်တဲ့ တံတားအပါအဝင်တ တံတား ၆ ခု အသစ်ပြန်ဆောက်လုပ်ဖို့ တင်ထားပါတယ်။ ဒီတံတားလည်း မဖြတ်သန်းအောင် သစ်သားတန်းတွေနဲ့ တားထားတယ်။ လမ်းလွှဲလည်း ပေးထားတယ်။ အဲဒါဖြတ်တော့ ကျိုးကျတယ်။ သော်တာဝင်းကကူညီပြီး ပြန်လုပ်ပေးမယ်တဲ့” လို့ ပြောပါတယ်။

“လုပ်ငန်းခွင်သုံးကုန်ပစ္စည်း တင်လာတာကုန်ချိန်များတယ်။ တံတားကကြာတော့ ကြာပြီမခံနိုင်တော့ ကျိုးကျသွားတယ်ဗျာလို့ ရွာအုပ်ချုပ်ရေးမှူး ဦးမြသင်းက ပြောပါတယ်။

“ဒဏ်ရာရသူတော့ မရှိပါဘူး။ တံတားကတော့လုံးလုံးပျက်သွားတယ်။ အရေးယူဖို့ ဆောင်ရွက်နေပါတယ်”  လို့ တာဝန်ကျ ရဲအရာရှိကပြောပါတယ်။

သော်တာဝင်းကားမောင်းသူကတော့ “သော်တာဝင်း ကုမ္ပဏီကလုပ်တဲ့ လမ်းတော့မဟုတ်ဘူး။ ပြန်လုပ်ပေးမှာပါ” လို့ ပြောပါတယ်။

သတင်း - မောင်မောင်လင်း(၀မ်းတွင်း)

DVB

No comments:

Post a Comment