ဒေါ့မွန်အသင်းကို သယ်ဆောင်လာသည့် ဘတ်စ်ကားအနီးတွင် ပေါက်ကွဲမှု (၃)ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် ဒေါ့မွန် - မိုနာကို ချန်ပီယံလိဂ်ပွဲကို ရွှေ့ဆိုင်း
ဒေါ့မွန်အသင်းကို သယ်ဆောင်လာသည့် ဘတ်စ်ကားအနီးတွင် ပေါက်ကွဲမှု (၃)ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် ဒေါ့မွန် - မိုနာကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ကို ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။
ဒေါ့မွန်အသင်းသည် ချန်ပီယံလိဂ် ကစားရန် အသင်းတည်းခိုသည့် ဟိုတယ်မှ ထွက်ခွာလာချိန်တွင် ပေါက်ကွဲမှုများနှင့် ကြုံတွေ့ခဲ့ရပြီး ဘတ်စ်ကား ပျက်စီးမှု ရှိခဲ့သလို၊ ဒဏ်ရာရသူလည်း ရှိကြောင်း သိရသည်။
ဂျာမနီထုတ် Bild သတင်းစာ၏ ဖော်ပြချက်အရ ဒေါ့မွန်အသင်း၏ စပိန်နောက်ခံလူ ဘာထရာ ဒဏ်ရာရခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။ အခြားကစားသမားများမှာ ဘေးလွတ်ရာတွင် ရှိနေပြီး အသင်း၏ အိမ်ကွင်းတစ်ဝိုက်တွင် အန္တရာယ်မရှိကြောင်း ဒေါ့မွန်အသင်းက ထုတ်ပြန်ခဲ့သည်။
ရွှေ့ဆိုင်းခဲ့သည့် ဒေါ့မွန် - မိုနာကို ချန်ပီယံလိဂ်ပွဲကို ဧပြီ(၁၂)ရက် မြန်မာစံတော်ချိန် ည(၁၁း၁၅)တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
Photos: AFP
Eleven Sports
Tuesday, April 11, 2017
ဒေါ့မွန်အသင်းကို သယ်ဆောင်လာသည့် ဘတ်စ်ကားအနီးတွင် ပေါက်ကွဲမှု (၃)ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် ဒေါ့မွန် - မိုနာကို ချန်ပီယံလိဂ်ပွဲကို ရွှေ့ဆိုင်း
ဒေါ့မွန်အသင်းကို သယ်ဆောင်လာသည့် ဘတ်စ်ကားအနီးတွင် ပေါက်ကွဲမှု (၃)ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် ဒေါ့မွန် - မိုနာကို ချန်ပီယံလိဂ်ပွဲကို ရွှေ့ဆိုင်း
Reviewed by Ar Ti
on
8:52 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment