ကွမ်းသီးအကင်းများ တရုတ်က ဈေးကောင်းပေးဝယ်ယူ
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ ကွမ်းသီးအကင်းများကို တရုတ်နယ်စပ်သို့ပို့ရန် ဈေးကောင်းပေးကာ ရသလောက် ဝယ်ယူနေကြောင်း ကွမ်းသီးခြံပိုင်ရှင်များထံမှ သိရသည်။
ဈေးကွက်ဝင် ကွမ်းသီးတစ်လုံးကို ၇ ကျပ်ဖြင့် ဝယ်ယူနေသကဲ့သို့ ကွမ်းသီး အကင်းများကိုလည်း တစ်လုံးလျှင် ၇ ကျပ်ပေးကာ ဝယ်ယူနေကြောင်း၊ ထိုသို့ ဝယ်ယူရာတွင် ကွမ်းသီးအတွင်းသားမှာ အရည်ကြည်တည်နေသော ကွမ်းသီးအကင်းများကိုသာ ဝယ်ယူပြီး အတွင်းသားမာပါကမဝယ်ကြကြောင်း၊ ကွမ်းသီးအကင်းများကို အခိုင်လိုက် ဝယ်ယူကာ တရုတ်နယ်စပ်သို့ တင်ပို့ ရောင်းချနေကြောင်း ကွမ်းသီးအကင်းဝယ်ယူနေသော အမျိုးသားတစ်ဦးက ပြောကြားသည်။
“ကွမ်းသီးအကင်းတွေကို ရသလောက် ဝယ်နေတာပါ၊ တရုတ်နယ်စပ်က အဝယ်ဒိုင်ကတော့ ကွမ်းသီးအကင်းလေးတွေကိုပေါင်းပြီး တရုတ်နိုင်ငံက ဆေးဝါး တစ်မျိုးနဲ့ရောပြီး ကွမ်းယာထဲ ထည့်တဲ့ ယောက်ျား အားတိုးဆေးဖော်ဖို့လို့ပြောတယ်”ဟု ၎င်းက ပြောကြားသည်။
တိုက်ကြီးမြို့ရှိ ကွမ်းသီး စိုက်ပျိုးသူများက အသီးကိုရင့်သည်အထိ ရောင်းကာ ဈေးကောင်း ရနေသဖြင့် အရည်ကြည် တည်သော ကွမ်းသီးအကင်းများကို အမြန်သာ ရောင်းချပြီး ရောင်းတမ်းမဝင်သော ကွမ်းသီးအကင်းများကို ချန်ထားကြောင်း တိုက်ကြီးမြို့ ကွမ်းသီးခြံလုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment