ရိုဟင်ဂျာ နေရာချထားမယ့် အစီအစဉ် ကုလ ပြစ်တင်
ပြီးခဲ့တဲ့နှစ်က ဖြစ်ပွါးခဲ့တဲ့ ဆူပူပဋိပက္ခတွေအပြီး ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာအစိုးရက ပြန်လည်နေရာချထားမယ့်အစီအစဉ်ဟာ ဒုက္ခသည်စခန်းတွေ တည်ဆောက်ထားရှိမယ့် အနေအထားဖြစ်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောကြားလိုက်ပါတယ်။
အဲဒီအစီအစဉ်အရ ထွက်ပြေးသွားတဲ့ အိမ်ထောင်စု ၁၁ဝဝ ကျော်ကို ဒေသလုံခြုံရေးအရ သူတို့နေရပ်ပြန်ခွင့်မပေးပဲ ပြည်နယ်အစိုးရ လက်လှမ်းမှီတဲ့နေရာမှာ စံပြကျေးရွာတွေ ဆောက်လုပ်ပေးမယ်လို့ ဆိုပါတယ်။ အဲဒီ သူတွေကို ပေ ၄ဝ ပေ ၆ဝ မြေကွက်တကွက်စီနဲ့ အိမ်ဆောက်ဖို့ ဒေါ်လာ ၁၅ဝ ခန့်စီပေးမယ်လို့ သိရပါတယ်။
ဒုက္ခသည်တွေကို သူတို့နေရပ်ပြန်ခွင့်မပြုတဲ့အတွက် မူလလုပ်ကိုင်စားသောက်ခဲ့တဲ့ လယ်ယာမြေတွေ၊ ငါးဖမ်းခွင်တွေ လက်လွတ်ဆုံးရှံးမှာဖြစ်ပြီး စံပြကျေးရွာတွေဟာ IDP ခေါ် စစ်ပြေးဒုက္ခသည်နေထိုင်ရာ စခန်းတွေနဲ့ အလားတူဖြစ်လာနိုင်ကြောင်း၊ တကယ်တော့ ရိုဟင်ဂျာတွေကို သူတို့မူလနေထိုင်ခဲ့တဲ့ ဘဝတွေ မပျက်စီးအောင် ဆောင်ရွက်ပေးသင့်ကြောင်း UNHCR ကပြောပါတယ်။
မနှစ်က အောက်တိုဘာ အကြမ်းဖက်မှုတွေနောက်ပိုင်း ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတဲ့ ရိုဟင်ဂျာ ၇သောင်းခွဲခန့်ရှိပြီး သူတို့မူလနေထိုင်ခဲ့တဲ့ နေအိမ် ၁၅ဝဝ ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။
သူတို့ကို ပြန်လည်နေရာချထားရေးအတွက် အစိုးရက ဧပြီ ၂၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ စာမျက်နှာ ၃ မျက်နှာပါ အဲဒီ စံပြကျေးရွာအစီအစဉ်ဟာ မြန်မာပြည်က လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေအကြား ဗုဒ္ဓဟူးနေ့က ပျံ့နှံ့နေခဲ့ပါတယ်။
အစိုးရက အခုလို အဓမ္မပြန်လည်နေရာချထားပေးမယ်ဆိုရင် ဘဝဝမ်းခါး အခက်အခဲကြောင့် မတည်ငြိမ်မှုတွေ နောက်ထပ်ပေါ်ပေါက်လာနိုင်တယ်လို့ ရန်ကုန်ရှိ UNHCR အရာရှိတဦးကြေေပြောပါတယ်။RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment