မြောက်ကိုရီးယားအရေး နည်းလမ်းအားလုံး ကန် သုံးမယ်
အမေရိကန်သမ္မတ ထရမ့်က မနေ့ညနေ ၃ နာရီက အထက်လွှတ်တော် အမတ်အားလုံးကို အိမ်ဖြူတော်ဖိတ်ကြားပြီး မြောက်ကိုရီးယားဆိုင်ရာ အထူးရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
အဲဒီပွဲအပြီးမှာ မြောက်ကိုးရီးယားကို နျူးကလီးယားနဲ့ ဒုံးပျံအစီအစဉ်တွေ ဖျက်သိမ်းရေးအတွက် စီးပွားရေး ပိတ်ဆို့မှုတွေ တိုးချဲ့ပြုလုပ်မှာဖြစ်ကြောင်းနဲ့ မဟာမိတ်နိုင်ငံတွေနဲ့ ပူးတွဲပြီး သံတမန်ရေးအရလည်း ဖိအားတိုးမြှင့်မှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
အထက်လွှတ်တော် အမတ်တွေကို ရှင်းလင်းတဲ့ မနေ့က အထူးအစည်းအဝေးမှာ လိုအပ်ရင်စစ်ရေးနဲ့ ဖြေရှင်းဖို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ ဒီမိုကရက်တစ်ပါတီ အမတ် Christopher Coons ခရစ်တိုဖာ ကွန်း ကပြောပါတယ်။
ပုံမှန်အားဖြင့် အမေရိကန်အစိုးရအဖွဲ့ဝင်တွေကသာ လွှတ်တော်ကို သွားရောက်တင်ပြလေ့ရှိပေမယ့် မနေ့ကတော့ ပါတီ ၂ ရပ်ပေါင်း ဦးရေ ၁ဝဝ ရှိတဲ့ အထက်လွှတ်တော် အမတ်အားလုံးကို သီးသန့်ကားတွေနဲ့ အိမ်ဖြူတော်ကို သမ္မတ ထရမ့်က ဖိတ်ကြားခဲ့ပါတယ်။
အဲဒီ အထူးအစည်းအဝေးအပြီးမှာ နိုင်ငံခြားရေးဝန်ကြီး ရက် တီလာဆန်၊ ကာကွယ်ရေးဝန်ကြီး ဂျင် မက်တီးစ်၊ အမျိုးသားထောက်လှမ်းရေးအဖွဲ့ ညွန်ကြားရေးမှူး ဒန် ကုတ်စ် တို့ စုပေါင်းပြီးကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ရာမှာ မြောက်ကိုရီးယား အရေးဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးကို အရေးပေါ် ခြိမ်းခြောက်နေပြီး နိုင်ငံခြားရေးမူဝါဒအရ ထိပ်တန်းဦးစားပေးဖြေရှင်းရမယ့်ပြဿနာဖြစ်ကြောင်းနဲ့ လိုအပ်တဲ့နည်းလမ်းအားလုံးကို အသုံးပြုမှာဖြစ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။
မနေ့က အစောပိုင်းမှာတော့ အာရှပစိဖိတ်ဆိုင်ရာ အမေရိကန် စစ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး ဟယ်ရီ ဟဲရစ်က မြောက်ကိုရီးယား ဒုံးပျံအန္တရယ် ကာကွယ်ရေးအတွက် တောင်ကိုရီးယားမှာချထားမယ့် THAAD ဒုံးခွင်းဒုံးစံနစ်ကို တပ်ဆင်နေပြီဖြစ်ပြီး ရက်ပိုင်းအတွင်း အသင့်ဖြစ်မယ်လို့ လွှတ်တော်မှာ အစီရင်ခံခဲ့ပါတယ်။
ဒါ့အပြင် သူက မြောက်ကိုရီးယားအာဏာရှင် ကင်ဂျုံးအန်ရဲ့ လက်ထဲမှာ အမေရိကန်ပြည်ထောင်စုကို အန္တရာယ်ပြုနိုင်တဲ့ လက်နက်အင်အား တကယ်ရှိပြီဆိုတာနဲ့ အမေရိကန်ရဲ့ စစ်ရေးအခင်းအကျင်းကို ချက်ခြင်းပြောင်းလဲ တုံ့ပြန်မှာဖြစ်ကြောင်း တင်ပြခဲ့ပါတယ်။
တဆက်တည်းမှာပဲ ဗိုလ်ချုပ်ကြီး ဟဲရစ်က လက်ရှိမှာ အမေရိကန်ရေတပ် လေယာဉ်ပျံတင်သင်္ဘောအုပ်စုကို မြောက်ကိုရီုးယားက ဒုံးပျံနဲ့ တိုက်ခိုက်မယ်ဆိုရင် ခုခံကာကွယ်နိုင်စွမ်း အပြည့်ရှိကြောင်း ဒါပေမဲ့ ဟာဝိုင်ယီကျွန်းမှာရှိတဲ့ ဒုံးပျံကာကွယ်ရေးစနစ်ကို တိုးချဲ့ဖို့လည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ စဉ်းစားသင့်ကြောင်း အကြံပြုြေေပြောဆိုခဲ့ပါတယ်။RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment