နှစ်နိုင်ငံကုန်သွယ်ရေး သဘောတူညီချက်ရရှိရေး အမေရိကန်နှင့် ဂျပန်ဆွေးနွေးခဲ့ကြ
တိုကျို ဧပြီ ၁၉
နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူညီ ချက်တစ်ရပ်ရရှိစေမည့် ရလဒ်ထွက် ပေါ်နိုင်သော စီးပွားရေးဆွေးနွေးပွဲကို မိမိတို့ ပြုလုပ်ခဲ့ကြောင်း အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်၏ ပြောကြားချက်ကို ကိုးကားလျက်ဒေသဆိုင်ရာ သတင်းဌာနများက ဧပြီ ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။
အမေရိကန်နှင့် ဂျပန်တို့၏ စီးပွားရေးဆွေးနွေးပွဲမှ ရရှိသောအချက် အလက်များအပေါ် အခြေခံ၍ မဝေးသော အနာဂတ်တွင် ဆုံးဖြတ်ချက် တစ်ရပ်ကို မိမိတို့ချမှတ်နိုင်ဖွယ်ရှိကြောင်း၊ နှစ်နိုင်ငံလွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ် ပေါ်ထွန်းလာရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများကို စတင်နိုင်မည်ဖြစ်ကြောင်း ပန့်စ်က ဂျပန် ဒုတိယဝန်ကြီးချုပ် တာရိုအာဆိုနှင့် ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
နိုင်ငံစုံကုန်သွယ်ရေး သဘောတူညီချက်ဖြင့် လုပ်ဆောင်ခြင်းမဟုတ်ဘဲ တစ်နိုင်ငံချင်းအလိုက် ချုပ်ဆိုသော ကုန်သွယ်ရေး သဘောတူညီချက်ဖြင့် လုပ်ကိုင်သွားမည်ဟု အမေရိကန် သမ္မတဒေါ်နယ်ထရန့်က သန္နိဋ္ဌာန်ချမှတ်ခဲ့သည်နှင့်အညီ မိမိတို့နှစ်နိုင်ငံအကြား စီးပွားရေးဆက်ဆံမှုပုံစံသစ် ရရှိရန်ရည်ရွယ်လျက် စီးပွားရေးဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း ပန့်စ် က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ကျိုဒို(ပြန်/ဆက်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment