ယူနက်စကို စာရင်းဝင်နိုင်ရေးအတွက် မြောက်ဦးဒေသကို တရုတ်ပညာရှင် ၂၅ ဦး ကွင်းဆင်းဆောင်ရွက်မည်
ရခိုင်ပြည်နယ် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ယူနက်စကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်း ဝင်နိုင်ရေးအတွက် တရုတ်နိုင်ငံက Schedule of SEU Team အမည်ရ ပညာရှင်အဖွဲ့တစ်ခုဟာ လာမယ့် ဧပြီလ ၁၅ ရက်နေ့ကနေ မေလ ၁၄ ရက်နေ့အထိ ကွင်းဆင်းပြီး ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
တရုတ်ပညာရှင်အဖွဲ့ဟာ မြောက်ဦးမြို့မှာ ကောင်းကင်ဓာတ်ပုံနဲ့ သရီးဒီမြေပုံရေးဆွဲတာတွေကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ)ရဲ့ ညွှန်ကြားရေးမှူး ဦးညိမ်းလွင် က ပြောပါတယ်။
တရုတ်ပညာရှင်အဖွဲ့မှာ ပညာရှင် ၂၅ ဦးပါဝင်မှာဖြစ်ပြီး အခုအကြိမ်ဟာ မြောက်ဦးမြို့ကို ဒုတိယအကြိမ်အဖြစ် ကွင်းဆင်းတိုင်းတာမှုတွေ ပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။
မြောက်ဦးမြို့မှာရှိတဲ့ ရှေးဟောင်းလက်ရာတွေကို ယူနက်စကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် စာရင်းသွင်းနိုင်ဖို့အတွက် ယူနက်စကိုအဖွဲ့ တာဝန်ရှိသူတွေကိုယ်တိုင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလောက်ကနေ စတင်ကာ မြောက်ဦးမြို့ကို လာရောက်လေ့လာမှုတွေပြုလုပ်နေပါတယ်။
တရုတ်နိုင်ငံက Schedule of SEU Team ပညာရှင်အဖွဲ့ဟာ အစိုးရနဲ နားလည်စာချွန်လွှာ လက်မှတ်ရေးထိုးပြီး ဆောင်ရွက်တာဖြစ်တယ်လို့လည်း ညွှန်ကြားရေးမှူး ဦးညိမ်းလွင် က ပြောပါတယ်။
Photo: Min Thein Aung/RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment