"အလောင်းတော်ကဿပ ဘုရားဖူးရာသီလမ်း ဧပြီလ၂၁ရက် ပိတ်မည် "
ယင်းမာပင်ခရိုင်ရှိ အလောင်းတော်ကဿပသို့သွားရာ ဘုရားဖူးရာသီလမ်းအား ဧပြီလ၂၁ရက်တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း အလောင်းတော်ကဿပ ဂေါပကအဖွဲ့မှ သတင်းရရှိသည်။
'ဧပြီ၂၀ရက်မှာ လေးမြို့နယ်သံဃာတော်များနဲ့ ဂေါပကအဖွဲ့အစည်းအဝေး အခမ်းအနားကျင်းပမယ် ။ ဧပြီ၂၁ရက်နေ့မှာ လမ်းပိတ်ပွဲအခမ်းအနားအဖြစ် လေးမြို့နယ် ဆရာတော်ကြီးတွေက ပရိတ်တရားတော်ရွတ်ဖတ်ပြီး တောင်ပေါ်ကပြန်ကြွမယ်။ ဂေါပကအဖွဲ့က ပြုပြင်တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ဖို့ တောင်ပေါ်မှာ ကျန်ခဲ့မယ်။' ဟု အလောင်းတော်ကဿပ ဘုရားဂေါပကအဖွဲ့ ဒုဥက္ကဌ ဦးမောင်မောင်ချိုက ပြောသည်။
အလောင်းတော်ကဿပ ဘုရားဖူး ရာသီလမ်းသည် နှစ်စဉ် မြန်မာနှစ်ဆန်းတစ်ရက်နေ့နှင့် ဧပြီလကုန်ရက်ပိုင်းတွင် ရာသီဥတုအခြေအနေအရ ပိတ်ပွဲအခမ်းအနား ကျင်းပလေ့ရှိကြောင်းသိရသည်။
အလောင်းတော်ကဿပ ဘုရားဖူးလမ်း ပိတ်ပွဲအခမ်းအနားအပြီးတွင် စံကျောင်းတော်အတွင်း အလောင်းတော်ကဿပ ရဟန္တာမထေရ်မြတ် ရုပ်ပွားတော်အား စတီးအုပ်ဆောင်းအုပ်ခြင်း၊ ကျောက်တံခါး လှိုဏ်ဂူအတွင်း သံမဏ္ဍပ်နှင့် လျှောက်လမ်းတံတားများ ဖြုတ်သိမ်းခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အလောင်းတော်ကဿပ ဂေါပကအဖွဲ့မှ သတင်းရရှိသည်။
ဓာတ်ပုံ - မျိုးမင်းဦး(7Day News)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment