မြောက်ကိုရီးယား လူထုချီတက်ပွဲတွင် ရေငုတ်သင်္ဘောသုံး ဒုံကျည်များပြသ၊ ညူကလီယာစမ်းသပ်မည့် အဓိပ္ပါယ်ဖွင့်ပုံရဟုဆို၊ ညူကလီယာစမ်းသပ်လုဆဲဆဲတွင် အမေရိကန်လက်ဦးမှု့ရယူဖွယ်ရှိနေ
( ဧပြီ-၁၅၊ ၂၀၁၇ ) ( မြန်မာစံတော်ချိန် ၀၈း၅၁ ) ပြုံယမ်းတွင် ခေါင်းဆောင်ကြီး ကင်အီဆွန်း မွေးနေ့အခန်း အနား၌ ရေငုတ်သင်္ဘောတွင်သယ်ဆောင်နိုင်သော တာဝေးပစ်ဒုံးကျည် ( SLBM) များစစ်ရေးပြနေသည်ကို နိုင်ငံပိုင်ရုပ်သံလိုင်းမှ တိုက်ရိုက်လွှင့်ထုတ်နေသည်။
ယနေ့ပြုလုပ်သော စစ်ရေးပြအခန်းအနားသည် အမေရိကန်၏ စစ်ရူးအယူအဆကိုစွန့်လွှတ်ခြင်းမရှိလျှင် ဒေသ တွင်း ရောက်ရှိနေသော အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စုအနေဖြင့် လက်တုန့်ပြန်ချေမှုန်းခံရမည်ဟူ သော အဓိပ္ပါယ်ဖော်ပြခြင်းဖြစ်သည်ဆို၏။
မြောက်ကိုရီးယား၏ မြေအောက်ညူကလီယားစမ်းသပ်ရန် အသင့်ရှိနေကြောင်းကိုရည်ညွှန်းလျှက်ရှိသည့် ထောင်ပေါင်းများစွာသော တပ်ဖွဲ့ဝင်များချီတကစစ်ရေးပြလျှက်ရှိကြောင်း တောင်ကိုရီးယား ယွန်ဟတ်သ တင်းဌာနက ရေးသားဖော်ပြလျှက်ရှိသည်။
အမေရိကန်နှင့် မြောက်ကိုရီးယားနနှစ်နိုင်ငံလုံးတွင် ကြိုတင်လက်ဦးမှု့ယူကြဖွယ်ရှိနေသည်။ အင်ဘီစီသတင်း ဌာနနှင့်တွေ့ဆုံမေးမြန်းရာတွင် မြောက်ကိုရီးယား၏ ညူကလီယာလက်နက်သစ် စမ်းသပ်အံဆဲဆဲတွင် လက်ဦးမှု့ရယူဖွယ်ရှိကြောင်း အမေရိကန်ထောက်လှမ်းရေးအရာရှိတစ်ဦးကပြောကြားသည်။
အမေရိကန်၏ အမေရိကန်၏ ပဲ့ထိန်းဒုံးကျည်များမှာ ဂျပန်တွင်အခြေစိုက်ထားပြီး၊ အကြီးစားဗုံးကြဲလေယာဉ်များ မှာ ပစိတ်ဒေသ ဂူအမ်ကျွန်းတွင်ရှိနေသည်။
Credit : Yahoo News
Friday, April 14, 2017
မြောက်ကိုရီးယား လူထုချီတက်ပွဲတွင် ရေငုတ်သင်္ဘောသုံး ဒုံကျည်များပြသ၊ ညူကလီယာစမ်းသပ်မည့် အဓိပ္ပါယ်ဖွင့်ပုံရဟုဆို၊ ညူကလီယာစမ်းသပ်လုဆဲဆဲတွင် အမေရိကန်လက်ဦးမှု့ရယူဖွယ်ရှိနေ
မြောက်ကိုရီးယား လူထုချီတက်ပွဲတွင် ရေငုတ်သင်္ဘောသုံး ဒုံကျည်များပြသ၊ ညူကလီယာစမ်းသပ်မည့် အဓိပ္ပါယ်ဖွင့်ပုံရဟုဆို၊ ညူကလီယာစမ်းသပ်လုဆဲဆဲတွင် အမေရိကန်လက်ဦးမှု့ရယူဖွယ်ရှိနေ
Reviewed by Ar Ti
on
11:51 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment