Latest News

Friday, April 21, 2017

ပုသိမ်-မုံရွာကားလမ်းတွင် တစ်မနက်တည်း ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွား

ပုသိမ်-မုံရွာကားလမ်းတွင် တစ်မနက်တည်း ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွား

ပုသိမ်-မုံရွာကားလမ်းမှာ ဧပြီ (၂၁)ရက်က တစ်မနက်တည်း ယာဉ်မတော်တဆမှုနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဧပြီ(၂၁)ရက် မနက်(၆)နာရီ (၂၅)မိနစ်မှာ ကလူဂျာ ခဲရောင်ယာဉ်တစ်စီး လမ်းဘေးရှိ လမ်းကာကျောက်တိုင်တွေနဲ့ မလေးရှားပိတောက်ပင်ကို ၀င်တိုက်ပြီးယာဉ်မောင်းသေဆုံးမှုပွားထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီယာဉ်တိုက်မှုဖြစ်ပွားနောက်မနက်(၈)နာရီ မိနစ်(၂၀)အချိန်က အဲဒီအနီးမှာဘဲ နောက်ထပ်ယာဉ်တိုက်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ကံကလေး ကနေ ပုသိမ် ဘက်ကို မောင်းနှင်လာတဲ့ Rassis အမျိုးအစားခဲရောင်ယာဉ်ဟာ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် (၂၇)အကျော် ကြိုးကြာကွင်းကျေးရွာအနီးအရောက်မှာ အရှိန်မထိန်းနိုင်ဘဲ ဘီးချော်ကာ လမ်းဘေးရှိမလေးရှားပိတောက်ပင်ကိုဝင်ရောက်တိုက်မိပြီးနောက်လမ်းဘေးမှာရပ်ထားတဲ့ အနက်ရောင် ဆိုင်ကယ်ကိုဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။

အဲဒီယာဉ်တိုက်မှုကြောင့် Rassis ခဲရောင်ယာဉ်မောင်းဟာ ဦးဇော်မင်းဦးမှာ ၀ဲဘက်နားကသွေးကျတဲ့ ဒဏ်ရာရရှိခဲ့ပေမယ့် စိုးရိမ်ရတဲ့အခြေအနေ မရှိဘူးလို့သိရပါတယ်။ကျောင်းကုန်းမြို့မရဲစခန်းက Rassis ခဲရောင်ယာဉ်မောင်းကို ယာဉ်မဆင်မခြင်မောင်းနှင်ပြီးလူကိုထိခိုက်နာကျင်စေမှုယာဉ်(ပ)၂၉/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၃၇/၂၇၉ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့သိရပါတယ်။

ဝင်းကြိုင်(ကျောင်းကုန်း)Central News Bureau

No comments:

Post a Comment