Latest News

Sunday, April 2, 2017

ယခုနှစ် မန်းသင်္ကြန်ပွဲတော်တွင် မြို့မအသင်းကြီးမှ သင်္ကြန်သီချင်းအသစ် ၁၂ ပုဒ်ဖြင့် လှည့်လည်ဖျော်ဖြေမည်

ယခုနှစ် မန်းသင်္ကြန်ပွဲတော်တွင် မြို့မအသင်းကြီးမှ သင်္ကြန်သီချင်းအသစ် ၁၂ ပုဒ်ဖြင့် လှည့်လည်ဖျော်ဖြေမည်


မန္တလေး ဧပြီ ၁

ယခုနှစ်မန်းသင်္ကြန်ပွဲတော်တွင် မြို့မ အသင်းကြီးမှ ကိုယ်တိုင်ရေးစပ်ထား သည့် သင်္ကြန်သီချင်းအသစ် ၁၂ ပုဒ်ဖြင့် သင်္ကြန်ကာလအတွင်း မ္တလေးမြို့လုံး အနှံ့ လှည့်လည်ဖျော်ဖြေပေးသွားမည် ဖြစ်ကြောင်း မြို့မအသင်းဥက္ကဋ္ဌ ဒေါက်တာ လှခိုင်က ပြောသည်။

အဆိုပါ သင်္ကြန်သီချင်းအသစ် ၁၂ ပုဒ်အား မြို့မအပျော်တမ်းတူရိယာ အသင်းကြီး၏ တေးရေးဆရာများ ဖြစ်ကြသော မြို့မဆရာပေါ၊ ဆရာရွှန်းမြိုင်၊ ဦးရဲထွေး၊ ဦးမောင်စိန်၊ ဦးသန်းမောင်ဝင်း ဦးတင်၊ မြဒါလီတို့က ရေးစပ်ပေးထား သည့် သီချင်းများဖြစ်ပြီး ဧည့်သည် အဆိုတော်အဖြစ် ဒေါ်မာမာအေးက လည်း လာရောက်ဖျော်ဖြေပေးမည်ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့အသင်းကြီးက မန်း သင်္ကြန်ကို ဧည့်ခံဖျော်ဖြေတာ၂၂ ကြိမ် ရှိပါပြီ။ ဒါကြောင့် ဒီနှစ်မှာ အတိတ်ရဲ့  မန်းသင်္ကြန်ပုံရိပ်ကို ပြန်လည်ဖော်ထုတ် တဲ့အနေနဲ့ မ္တလေးမြို့တော်မဟာ သင်္ကြန် မဏ္ဍပ်နဲ့ ကျွန်တော်တို့ မြို့မအလှပြယာဉ် တို့ သင်္ကြန်သီချင်းတွေကို တစ်နာရီ လောက်ကြာအောင် တစ်လှည့်စီ အပြန် အလှန်သီဆိုရင်း သင်္ကြန်ပွဲတော်ကို ဖွင့် လှစ်ပေးသွားမှာပါ''ဟု ¤င်းကပြောသည်။

ယခုနှစ်သင်္ကြန်တွင် မြို့မအလှပြယာဉ် ကို ယခင်နှစ်များကဲ့သို့ သစ်သားဖြင့် တည်ဆောက်သွားမည်မဟုတ်ဘဲ သံဖရိန် ၌ သစ်သားကပ်ကာတည် ဆောက်သွား မည်ဖြစ်၍ မီးတပ်ဆင်မှုအပိုင်းကိုလည်း မှတ်တမ်းဓာတ်ပုံရိုက်ကူးသူများ အဆင် ပြေစေရန် ၂ဝ ဝပ် မီးသီးများ အသုံးပြု တပ်ဆင်သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

သင်္ကြန်တွင်း လှည့်လည်ဖျော်ဖြေ မှုအစီအစဉ်အနေဖြင့် အကြိုနေ့ နံနက်ပိုင်းတွင် မြို့တော်မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲ၌ ပါဝင်ဆင်နွှဲကာ ညပိုင်း တွင် နန်းရှေ့မှ ဖိတ်ကြားထားသူများထံ သွားရောက်ဖျော်ဖြေမည်ဖြစ်ပြီး သင်္ကြန် အကျနေ့မှ အတက်နေ့အထိ မြို့လုံး အနှံ့ အလှည့်ကျညဥ့်နက်သည်အထိ လှည့်လည် ဖျော်ဖြေပေးသွားမည်ဖြစ် ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment