Sunday, April 9, 2017
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျေးလက်လူငယ်တွေစကားဝိုင်း ဧပြီ ၁၁ ရက်မှာလုပ်မယ်
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျေးလက်လူငယ်တွေစကားဝိုင်း ဧပြီ ၁၁ ရက်မှာလုပ်မယ်
ကျေးလက်တောရွာတွေက လူငယ် ၁၂ ဦးကို ရွေးချယ်ထားပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်က ပင်လုံမြို့တွင်ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ငြိမ်းချမ်းရေးစကားဝိုင်း။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျေးလက်လူငယ်တွေရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို ဧပြီ ၁၁ ရက်မှာ နေပြည်တော်မှာ ပြုလုပ်သွားမယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။
ဒီငြိမ်းချမ်းရေးစကားဝိုင်းကို တတိယအကြိမ်မြောက်ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က လူငယ် ၁၂ ဦးကို ရွေးချယ်ထားပြီး အမျိုးသားခြောက်ဦး၊ အမျိုးသမီးခြောက်ဦးကို ရွေးချယ်ထားပါတယ်။
‘‘လူငယ်တွေက ကျေးလက် တောရွာကလူတွေ အဓိကထားရွေးတာ။ ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ ဒေသကလူတွေကို အလေးပေးပြီးရွေးတာ။ ကျန်တဲ့ဒေသတွေလည်း ပါအောင်လို့ပေါ့’’ဟု ဦး ဇော်ဌေးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်တွေနရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို ၂၀၁၇ ဇန်နဝါရီ ၁ ရက်က ပထမဆုံးအကြိမ် စတင်ခဲ့ရာမှာ ၂၀၁၇ က ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်နိုင်အောင် ဝိုင်းဝန်းကူညီဖို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံထားပါတယ်။‘‘ငြိမ်းချမ်းရေးဆိုတာ ရသင့် တာ ကြာပါပြီ။ အခုအချိန်ဟာ နောက် မစောင့်သင့်တော့ပါဘူး။ အားလုံး ဝိုင်းပြီးတော့ ၂၀၁၇ ဟာ ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်နိုင် အောင်လို့ အားလုံးဝိုင်းဝန်းကူညီ ကြပါ’’လို့ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ပထမအကြိမ်ငြိမ်းချမ်းရေးစကားဝိုင်းမှာ ပြောထားပါတယ်။
ဒုတိယအကြိမ် ငြိမ်းချမ်းရေး စကားဝိုင်းကို ရှမ်းပြည်နယ် ပင်လုံမြို့မှာ ဖေဖော်ဝါရီ ၁၂ ရက်က ကျင်းပခဲ့ရာ အဆိုပါစကားဝိုင်းမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသား ရှစ်မျိုးမှ လူငယ်တွေပါဝင်ခဲ့ပြီး ငြိမ်းချမ်းရေးအပေါ် သဘောထားအမြင်တွေကို အပြန်အလှန်ဆွေး နွေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်တွေရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို နှစ်လတစ်ကြိမ်(သို့မဟုတ်) သုံးလတစ်ကြိမ် ပုံမှန်ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
Source & Photos : 7DayDaily
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျေးလက်လူငယ်တွေစကားဝိုင်း ဧပြီ ၁၁ ရက်မှာလုပ်မယ်
Reviewed by Ar Ti
on
6:08 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment