ကမ္ဘာ့ အပျော်တမ်း စစ်တုရင် ချန်ပီယံ ဝင်းထွန်းကို ၂ဝ၁၈ ပြိုင်ပွဲအတွက် ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ်က စရိတ်ငြိမ်း ယှဉ်ပြိုင်ခွင့်ပေး
ရန်ကုန် ဧပြီ ၂၂
အီတလီနိုင်ငံ စပိုလက်တိုမြို့၌ ကျင်းပသည့် ၂ဝ၁၇ ကမ္ဘာ့အပျော်တမ်း စစ်တုရင် တံခွန်စိုက်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ စစ်တုရင် ကစားသမား ဝင်းထွန်းသည် ချန်ပီယံဆု ဆွတ်ခူးခဲ့ပြီး ဆုကြေးအနေဖြင့် ၂ဝ၁၈ ပြိုင်ပွဲတွင် စရိတ်ငြိမ်း ယှဉ်ပြိုင်ခွင့် ရရှိကြောင်း သိရသည်။
မြန်မာစစ်တုရင် ကစားသမား ဝင်းထွန်းသည် ၂ဝ၁၇ ကမ္ဘာ့အပျော်တမ်း စစ်တုရင် တံခွန်စိုက်ပြိုင်ပွဲတွင် ပွဲစဉ် ကိုးပွဲကစားပြီး ခုနစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရလဒ်ဖြင့် ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့ အပျော်တမ်း စစ်တုရင် ချန်ပီယံဆုရှင် အဖြစ် သမိုင်း ရေးထိုးနိုင်ခဲ့ပြီး ချန်ပီယံဆု အတွက် ပြိုင်ပွဲ ကျင်းပရေး ကော်မတီက ဆုချီးမြှင့်ခဲ့သည်။ ဆုချီးမြှင့်ရာတွင် ချန်ပီယံ ဝင်းထွန်းအား ယူရို ၁ဝဝဝ နှင့် လာမည့်နှစ်တွင် ကျင်းပမည့် ၂ဝ၁၈ ကမ္ဘာ့အပျော်တမ်း စစ်တုရင်ပြိုင်ပွဲ လက်ရည် ၂၃ဝဝ အောက်ပြိုင်ပွဲကို စရိတ်ငြိမ်း ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြု ခဲ့ကြောင်း သိရသည်။ ''ကျွန်တော် ချန်ပီယံဆု အတွက် ပြိုင်ပွဲ ကျင်းပရေး ကော်မတီက ပေးတဲ့ ယူရို ၁ဝဝဝ နဲ့ လာမယ့်နှစ်ပြိုင်ပွဲမှာ စရိတ်ငြိမ်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တယ်။
၂ဝ၁၈ ခုနှစ် အီတလီနိုင်ငံ ကက်ကလီယာရီမြို့မှာ ကျင်းပမယ့် ကမ္ဘာ့အပျော်တမ်းစစ်တုရင် ပြိုင်ပွဲကို စရိတ်ငြိမ်း ယှဉ်ပြိုင်ခွင့် ရထားတာပါ။ သူတို့ပြောတာတော့ လက်ရည် ၂၃ဝဝ အောက်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရှိတယ် ပြောတယ်။ ဒီကြားထဲ ကျွန်တော့်ကြိုးစားမှုကြောင့် လက်ရည် တိုးတက်လာရင် ပြိုင်ခွင့် မရှိလည်း မပြိုင်ဘူး။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် အမြဲ တိုးတက်အောင် ကြိုးစားနေမှာပါ''ဟု ဝင်းထွန်းက ပြောသည်။ အီတလီနိုင်ငံ စပိုလက်တိုမြို့၌ ကျင်းပသည့် ကမ္ဘာ့အပျော်တမ်း စစ်တုရင် တံခွန်စိုက်ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် မြန်မာနိုင်ငံမှ ဝင်းထွန်းနှင့် စည်သူတို့ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်ဦးလျှင် ကုန်ကျစရိတ် ယူရို ၂ဝဝဝ ခန့် ရှိကြောင်း သိရသည်။ မြ၀တီ
Sunday, April 23, 2017
ကမ္ဘာ့ အပျော်တမ်း စစ်တုရင် ချန်ပီယံ ဝင်းထွန်းကို ၂ဝ၁၈ ပြိုင်ပွဲအတွက် ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ်က စရိတ်ငြိမ်း ယှဉ်ပြိုင်ခွင့်ပေး
ကမ္ဘာ့ အပျော်တမ်း စစ်တုရင် ချန်ပီယံ ဝင်းထွန်းကို ၂ဝ၁၈ ပြိုင်ပွဲအတွက် ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ်က စရိတ်ငြိမ်း ယှဉ်ပြိုင်ခွင့်ပေး
Reviewed by Ar Ti
on
4:53 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment