Latest News

Sunday, April 30, 2017

အရက်ချက်စက်ရုံ ပြောင်းရွေ့ပေးရန် လွှတ်တော်ကိုယ်စားလှယ်တောင်းပန်


ရွာအလယ်မှာ ဆောက်ထားတဲ့ အရက်ချက်စက်ရုံကို နေရာရွှေ့ဆောက်ပေးဖို့ ဒေသခံတွေကိုယ်စား တိုင်းဒေသကြီးလွှတ်တော်အမတ်က လုပ်ငန်းရှင်တွေကို တောင်းပန်ခဲ့ပါတယ်။ ဖျက်သိမ်းပေးဖို့မဟုတ်ဘဲ ပြောင်းရွှေ့ပေးဖို့သာဖြစ်တယ်လို့ ညောင်တုန်းမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးက ပြောခဲ့တာပါ။ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာ (ဆားမလောက်လမ်းဆုံအနီး) ညောင်တုန်း-ရန်ကုန် ကားလမ်းနဲ့ ပန်းလှိုင်မြစ်ကြား အရက်ချက်စက်ရုံတစ်ရုံကို လွန်ခဲ့တဲ့ ၆နှစ်ခန့်က စပြီး ကျားမင်းကြီးကုမ္ပဏီက စတင်တည်ဆောက် လည်ပတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီစက်ရုံက စွန့်ပစ်သော ရေဆိုးတွေနဲ့ မီးခိုးပြာတွေကြောင့် ဒေသခံတွေ ကျန်းမာရေးထိခိုက်တာ အဆောက်အဦအမိုးတွေ ပျက်စီးယိုယွင်းတာနဲ့ ငါးသယံဇာတတွေ ပျောက်ဆုံးတာတွေ ဖြစ်နေတာကြောင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်ထံ တိုင်ကြားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်ရုံတာဝန်ရှိသူကတော့ စက်ရုံပြောင်းရွှေ့ဖို့က မဖြစ်နိုင်ကြောင်းပြောဆိုခဲ့ပါတယ်။ အရက်ချက်စက်ရုံ ဆောက်ခဲ့တာဟာ ၈နှစ်တာကြာပြီဖြစ်ပြီး မူလကတော့ စက်ရုံနေရာက ရွာအစွန်မှာဖြစ်တယ်လို့ ကျားမင်းကြီး ကုမ္ပဏီ ဒါရိုက်တာ ဦးကိုကိုနိုင်က ရှင်းပြပါတယ်။ ပြီးတော့လည်း ပြည်ထဲရေးဝန်ကြီးဌာနကနေ လိုင်စင်ထုတ်ပေးထားတဲ့ တရားဝင်စက်ရုံဖြစ်တာရယ် ဧရာဝတီတိုင်းက လယ်မြေတွေဖြစ်တာကြောင့် စက်ရုံခွင့်ပြုချက်ရဖို့ မလွယ်ဘူး စတာတွေကြောင့် ရွှေ့ဖို့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့တာပါ။
7Daydaily


ရုပ်သံသတင်းထောက် - သက်ဆွေ

No comments:

Post a Comment