Latest News

Monday, April 17, 2017

အမေရိကန်ရဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ် တောင်ကိုရီးယား နိုင်ငံတလွှား အမြန်ဆုံး နေရာ ချထားဖို့ ၂ နိုင်ငံ သဘောတူလိုက် ကြပါတယ်။

အမေရိကန်ရဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ် တောင်ကိုရီးယား နိုင်ငံတလွှား အမြန်ဆုံး နေရာ ချထားဖို့  ၂ နိုင်ငံ သဘောတူလိုက် ကြပါတယ်။

သာ့ဒ် THAAD လို့ အတိုကောက် ခေါ်တဲ့ အဲဒီ ဒုံးခွင်းဒုံး စနစ်ဟာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်တွေ ဝင်လာရင် ပစ်ချဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားကို ရောက်လာတဲ့ အမေရိကန် ဒုသမ္မတ မိုက်ခ်ပင့်စ်နဲ့ ဆွေးနွေးခဲ့ အပြီး တောင်ကိုရီးယား ယာယီ သမ္မတ ဝှမ် ဂျိုး-အန်က လေကြောင်းရန် ကာကွယ်ရေး စံနစ်ကို မူလ အစီအစဉ်ထက် ပိုစောပြီး နေရာချမယ်လို့ ကြေညာလာတာ ဖြစ်ပါတယ်။

ဒီ ဒုံးခွင်းဒုံး စနစ်ဟာ တရုတ်နိုင်ငံကိုပါ ခြိမ်းခြောက်မှု ပေးနိုင်တယ် ဆိုပြီး တရုတ် အစိုးရကတော့ ကန့်ကွက် နေပါတယ်။

BBC

No comments:

Post a Comment