Latest News

Wednesday, April 26, 2017

တောင်ကြီးတွင် စိတ်ဝေဒနာရှင်အမျိုးသမီးတစ်ဦး ၀တ်လစ်စားလစ်ဖြင့် လမ်းလျှောက်

တောင်ကြီးတွင် စိတ်ဝေဒနာရှင်အမျိုးသမီးတစ်ဦး ၀တ်လစ်စားလစ်ဖြင့် လမ်းလျှောက်


အသက် (၄၀) ကျော်အမျိုးသမီးတစ်ဦးသည် အ၀တ်မပါ ကိုယ်လုံးတီးလမ်းလျှောက်မှု တောင်ကြီးမြို့ လူစည်ကားရာ မောချယ်ရီကားဂိတ်အနီးတွင် ဧပြီ၂၆ ရက် နံနက် ၆ နာရီက ဖြစ်ပွား ခဲ့သည်။

စ၀်စံထွန်းရပ်ကွက်၊ အ နောက်မြို့ပတ်လမ်းတွင် အ၀တ် မပါဘဲ ကိုယ်လုံးတီးလမ်းလျှောက်နေကြောင်း အနီးရှိ ပြည်သူများ စတင်တွေ့မြင်ခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် တောင် ကြီးဒေသခံ ဦးခွန်မောင်စိုးက ပြောသည်။

‘‘မနက်အစောကြီးပဲဗျ။ ဒီ ဘက်မှာက  ကားဂိတ်ပေါင်းစုံရှိ တော့ လူအတော်များများမြင်ကြ တယ်။ တချို့ကလည်း လန့်ဖျပ်ကုန်တာပေါ့။ ဘာလို့ ဒီလိုလုပ်သ လဲဆိုတာတော့ မသိဘူး’’ဟု ၎င်းက ပြောသည်။

ယင်းသို့ အ၀တ်မပါဘဲ လမ်းလျှောက်သွားလာနေသည့် အမျိုး သမီးသည် အနီးအနားတွင် လမ်း လျှောက်ခြင်း၊ လမ်းပေါ်လှိမ့်ခြင်း တို့ကို အချိန်အတော်ကြာပြုလုပ် နေသဖြင့် ရပ်ကွက်နေ ပြည်သူအချို့က ရဲစခန်းသို့  အကြောင်းကြားခဲ့ရာ ရဲစခန်းက ခေါ်ယူထိန်းသိမ်းခဲ့ပြီး အ၀တ်အစားဝတ်ပေး၍ ၎င်းနေအိမ်သို့ ပို့ ဆောင်ပေးခဲ့သည်ဟု တောင်ကြီး နယ်မြေရဲစခန်းမှ သိရသည်။

ထိုအမျိုးသမီးသည် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်တွင် နေထိုင်သည့် စိတ်ဝေဒနာရှင်တစ်ဦးဖြစ်သည်ဟု တောင်ကြီးနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အ၀တ်မပါဘဲ   လမ်းလျှောက် သွားလာမှုများသည် ပြီးခဲ့သည့် မတ်လဆန်းက ရန်ကုန်နှင့် လားရှိုးမြို့တို့တွင် ဖြစ်ပွားခဲ့သည်။

7Day News Journal

No comments:

Post a Comment