Latest News

Wednesday, April 5, 2017

ဂျပန်နိုင်ငံထုတ် အလိုအလျောက် ရွေ့လျား ကားပါကင်များ မိတ်ဆက် သရုပ်ပြ

ဂျပန်နိုင်ငံထုတ် အလိုအလျောက် ရွေ့လျား ကားပါကင်များ မိတ်ဆက် သရုပ်ပြ

ပေ (၂ဝ x၂၃ ) ပေ မြေနေရာ ကျဉ်းကျဉ်းပေါ်တွင် မော်တော်ယာဉ် ၉ စီး၊ ၁၂စီး၊ ၁၅ စီး ထားရှိနိုင်သော ဂျပန်နိုင်ငံ ထုတ် အလိုအလျောက် ရွေ့လျား ကားပါကင် များအား မိတ်ဆက် သရုပ်ပြမှုကို ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ချယ်ရီလမ်း အမှတ်(၃၇) ရှိ အလုပ်ရုံ၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ လူမှုကွန်ရက် စာမျက်နှာတွင် ဧပြီလ ၅ ရက်က ဖော်ပြထားသည်။

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျှော့နိုင်ရန်နှင့် မြေနေရာ ကျဉ်းကျဉ်းတွင် အထပ်နိမ့်၊ အထပ်မြင့်များ ဆောက်လုပ်ခွင့် ရရှိသော အဆောက်အအုံ များ အတွက် ကားပါကင် နေရာ အခက်အခဲ ဖြစ်ပေါ်မှုကို ဖြေလျှော့ ပေးနိုင်ရန် ရည်ရွယ်၍ အဆိုပါ အလိုအလျောက် ရွေ့လျား ကားပါကင် စက်များ အတွက် လိုအပ်သည့် စက်ကိရိယာ များနှင့် နည်းပညာများကို ဂျပန်နိုင်ငံမှ မှာယူ တင်သွင်းကာ SHIN WATAHAN ကုမ္ပဏီ၏ အလုပ်ရုံတွင် ဂျပန်နှင့် မြန်မာပညာရှင်များက တပ်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဂျပန်နိုင်ငံမှ ပစ္စည်းများ တင်သွင်းပြီး တပ်ဆင်ခြင်း ဖြစ်သော်လည်း အနာဂတ်တွင် မြန်မာပြည် ၌ပင် ပစ္စည်းများကို ထုတ်လုပ်ရန် စဉ်းစား ထားကြောင်း၊ ၄င်းတို့၏ နည်းပညာ၊ အတတ်ပညာ များဖြင့် မြန်မာ ပြည်သူ လူထုနှင့် ပူးပေါင်း ဆောင်ရွက်ရန် အစီအစဉ် ရှိကြောင်း၊ တပ်ဆင်ပုံနှင့် ပတ်သက်သည့် အသေးစိတ် နည်းပညာများကို မြန်မာ လုပ်သားများ အတွက် မျှဝေ သွားမည် ဖြစ်ကြောင်း၊ SHIN WATAHAN ကုမ္ပဏီ အနေဖြင့် အလိုအလျောက် ရွေ့လျား ကားပါကင်များ သာမက နှစ်ထပ်ကား ပါကင်များ ပြန်လည် ရွေ့လျား တပ်ဆင်၍ ရသော Relocation Car Parking များကိုပါ ထုတ်လုပ်နိုင်သည့် စက်ရုံကြီး တစ်ခုအဖြစ် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း WATAHAN SOLUTIONS Co., Ltd. ဥက္ကဋ္ဌ Mr. Masanori Nagano က ပြောကြားခဲ့သည်။

ကန့်သတ်ထားသော မြေလွတ်များကို အကျိုးရှိစွာ အသုံးပြု နိုင်ရန် ဆိုဒ်အမျိုးမျိုး ရှိသည့် အလိုအလျောက် ရွေ့လျား ကားပါကင်များကို ပြင်ဆင် ထားရှိနိုင်ပြီး ဆူညံသံ နည်းပါးကာ မည်သူမဆို လွယ်ကူစွာ ကိုင်တွယ် နိုင်ကြောင်း၊ လက်ရှိတွင် ကားပါကင် တစ်စီး၏ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၇ဝဝဝ တန်ဖိုးရှိ သော်လည်း မြန်မာနိုင်ငံတွင် တပ်ဆင် ထုတ်လုပ်ပါက ကားပါကင် တစ်စီး၏ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၅ဝဝဝ မျှသာ ကျသင့်နိုင်ကြောင်း၊ ပြုပြင် ထိန်းသိမ်းမှု ကိုလည်း တစ်လလျှင် ၁၀ ဒေါ်လာနှုန်းဖြင့် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။


မြန်မာတိုင်း(မ်)

No comments:

Post a Comment