အမေရိကန်နိုင်ငံက “အလွန်ကြီးမားတဲ့ နျူးကလီးယား မဟာဗျူဟာမြောက် လက်နက်ကြီးတွေ” ကိုရီးယားကျွန်းဆွယ်ဆီ သယ်ဆောင်လာလို့ မြောက်ကိုရီးယားနိုင်ငံက ဧပြီလ ၁၄ ရက်နေ့မှာ ပြစ်တင်ရှုတ်ချလိုက်တယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ၆ ကြိမ်မြောက် နျူးကလီးယားလက်နက် စမ်းသက်ကောင်း စမ်းသက်နိုင်တဲ့ အတွက် ဒေသတွင်း စိုးရိမ်စရာဖြစ်နေလို့ အမေရိကန်လေယာဉ်တင် သင်္ဘောကြီးတွေကို အမေရိကန် က ကိုရီးယားကျွန်းဆွယ်ထဲ စေလွှတ်ထားပြီးနောက် မြောက်ကိုရီးယားက ဒီလို ပြစ်တင်ဝေဖန် ရှုတ်ချလိုက်တာပါ။
ပြီးခဲ့တဲ့အပတ်က ဆီးရီးယား အာဏာရှင်က လူထုတွေကို သေစေလောက်တဲ့ ဓာတ်ငွေ့ တိုက်ခိုက်မှု လုပ်ခဲ့တာကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ရေတပ်က 59 Tomahak လက်နက်ကြီးတွေနဲ့ ဆီးရီးယားကို ပစ်ခတ်ခဲ့ပြီးနောက် ကုလသမဂ္ဂကို ပြောင်ပြောင်တင်းတင်း ဖီဆန်ကာ နျူးကလီးယား လက်နက် စမ်းသပ်မှုတွေလုပ်ခဲ့တဲ့ မြောက်ကိုရီးယားက သူတို့နဲ့ပတ်သက်ပြီး သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့အစီအစဉ်တွေကို စိုးရိမ်မှု မြင့်တက်ရာကနေ အခြေအနေတွေက အခုလို တင်းမာခဲ့တာပါ။
အမေရိကန်နိုင်ငံကလည်း သူတို့ရဲ့မူဝါဒဖြစ်တဲ့ “မဟာဗျုဟာအရ စိတ်ရှည်သည်းခံခြင်း” က ပြီးပြီလို့ သတိပေးခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ ဒုသမ္မတ မိုက်ပန့်စ်က အာရှကို ၁၀ ရက်ကြာ သွားရောက်ခဲ့တဲ့ ခရီးအတွင်း ဧပြီလ ၉ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံကို ဝင်ရောက်ခဲ့ပါတယ်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးရုံးရဲ့ လက်နက်ဖျက်သိမ်းရေးနဲ့ ငြိမ်းချမ်းရေး အင်စတီကျူ ပြောရေးဆိုခွင့်ရှိသူက အမေရိကန်ရဲ့ ဆီးရီးယားနိုင်ငံကို ဝင်ရောက်တိုက်ခိုက်မှုအား သတင်းထုတ်ပြန် ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
“ကမ္ဘာ့နိုင်ငံရေးတင်းမာမှု အကြီးဆုံးနေရာဖြစ်တဲ့ ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်တွေက ကြီးမားတဲ့ နယူကလီယာ မဟာဗျူဟာမြောက် လက်နက်ကြီးတွေ သယ်ဆောင်လာတာက ကျွန်းဆွယ်ရဲ့လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို အကြီးအကျယ် ခြိမ်းခြောက်လိုက်တာဖြစ်ပြီး အဲ့ဒီနေရာက အခြေအနေတွေကို စစ်ဖြစ်တော့မည်ဆဲဆဲ အနေအထားသို့ တွန်းပို့လိုက်တာ” လို့ နိုင်ငံခြားရေး ဝန်ကြီးရုံးက ထုတ်ပြန်လိုက်တာကို ကိုးကားပြီး မြောက်ကိုရီးယား ကေစီအဲန်အေသတင်းဌာနက ဧပြီလ ၁၄ ရက်နေ့မှာ ပြောလိုက်တာပါ။
“ဒီလိုလုပ်လိုက်တာက ကျွန်းဆွယ်မှာ နျူးကလီးယားစစ်မီး အချိန်မရွေး တောက်သွားနိုင်တဲ့ အင်မတန် အန္တရာယ်များတဲ့ အခြေအနေကို ဖန်တီးတာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်တာဖြစ်လို့ အာရှ အရှေ့မြောက်ပိုင်းဒေသကိုတော့ ပြောစရာတောင် မရှိဘူး”လို့ ထုတ်ပြန်ချက်က ပြောတာပါ။
မြောက်ကိုရီးယားနိုင်ငံဟာ တောင်ကိုရီးယားနိုင်ငံနဲ့ ၁၉၅၀-၅၃ ခုနှစ်တွေမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခအပြီး စာချုပ်အရမဟုတ်တဲ့ အတိုက်အခိုက်ရပ်စဲပြီးသည့်တိုင် သဘောတရားအရတော့ စစ်ဖြစ်နေဆဲပါ အထိမ်းအမှတ်နေ့မျိုးတွေမှာ မြောက်ကိုရီးယားက နျူးကလီးယားလက်နက်တွေ စမ်းသက်ဖောက်ခွဲပြီး အမေရိကန် တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ကလည်း မကြာခဏ ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတာပါ။
ဒီဗွီဘီ
No comments:
Post a Comment