ဒုံးလက်နက်ကာကွယ်ရေးစနစ်တစ်ရပ်ကို တောင်ကိုရီးယားရှိ စခန်းတစ်ခုတွင် တပ်ဆင်
ဆိုးလ် ဧပြီ ၂၆
ဒေသတွင်း၌ အငြင်းပွားမှုကို ဖြစ်ပေါ်စေသော ဒုံးလက်နက်ကာကွယ်ရေး စနစ်တစ်ရပ်ကို အမေရိကန်စစ်ဘက်က တောင်ကိုရီးယားနိုင်ငံရှိ စခန်းတစ်ခုတွင် စတင်တပ်ဆင်လိုက်ပြီဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဧပြီ ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။
အိမ်နီးချင်း မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားနှင့် ဒုံးလက်နက်ဆိုင်ရာ ရည်မှန်းချက်များကို အကြောင်းပြု၍ ဒေသတွင်း၌ တင်းမာမှုများ ဖြစ်ပေါ်နေ ချိန်တွင် တီအိတ်ခ်ျအေအေဒီအမျိုးအစား ဒုံးလက်နက်ကာကွယ် ရေးစနစ် (ဒုံးခွင်းဒုံး)ကို အမေရိကန်က ဖြန့်ကြက်ရန် စီစဉ်ခြင်းဖြစ်သည်။
ဒုံးလက်နက်ကာကွယ်ရေးစနစ် ဖြန့်ကြက်ခြင်းကို ဒေသခံပြည်သူရာပေါင်း များစွာက ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းရှိ ဒုံးခွင်းဒုံးဖြန့်ကြက်မည့်စခန်းသို့ ကိရိယာများတင်ဆောင်ထားသည့် မော်တော်ယာဉ်များ ဆိုက်ရောက်လာချိန်တွင် ဒေသခံပြည်သူများက ကန့်ကွက်ဆန္ဒပြကြခြင်းဖြစ်သည်။
မြောက်ကိုရီးယားအရေးနှင့် ပတ်သက်၍ တင်းမာမှုများဖြစ်ပေါ်နေချိန် အတွင်း အမေရိကန်သမ္မတဒေါ်နယ်လ်ထရန့်၏ အစိုးရအဖွဲ့က ဒေသဆိုင်ရာအခြေအနေနှင့် ပတ်သက်၍ အထက်လွှတ်တော် အမတ်များ အား အိမ်ဖြူတော်၌ ဧပြီ ၂၆ ရက် နှောင်းပိုင်းတွင် ရှင်းလင်းပြောဆိုရန် စီစဉ်ထားသည်။ သမ္မတထရန့်၏ အစိုးရအဖွဲ့သည် မြောက်ကိုရီးယားနိုင်ငံ အား ထိန်းချုပ်ပေးရန် ယင်းနိုင်ငံ၏ မဟာမိတ်တရုတ်နိုင်ငံကို တိုက်တွန်း လျက်ရှိသည်။
တီအိတ်ခ်ျအေအေဒီ ဒုံးခွင်းဒုံးစနစ်သည် ရန်သူက ပစ်လွှတ်လိုက်သော တာတိုနှင့်တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ကို ယင်းဒုံးကျည်၏ နောက်ဆုံး ပျံသန်းမှုအဆင့်ရောက်ရှိ ချိန်တွင်ကြားဖြတ်ဟန့်တားကာ ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။ပြန်/ဆက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment