မန္တလေး၊ ဧပြီ ၁၁
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ပညာရေးနှင့် သုတေသန အဖွဲ့များတွင် စီမံခန့်ခွဲမှု အတွေ့အကြုံရှိသူများ အနေဖြင့် ပြင်သစ်နိုင်ငံ၊ ကုလသမဂ္ဂ တက္ကသိုလ်ပါမောက္ခချုပ် ရာထူးနေရာအတွက် ဧပြီလ ၂၂ ရက်နေ့ နောက်ဆုံးထားကာ ယင်းတက္ကသိုလ်ဝက်ဆိုက်သို့ အမည်စာရင်း တိုက်ရိုက်တင်သွင်း လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ဧပြီလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယင်းပါမောက္ခချုပ် ရာထူးသက်တမ်းမှာ ၅ နှစ်ဖြစ်ပြီး နောက်ထပ် ၅ နှစ်သက်တမ်း တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ပြီး လစာနှင့်ခံစားခွင့်မှာ ကုလသမဂ္ဂ Under Secretary General နှင့် တူညီကြောင်း၊ လျှောက်ထားလိုသူများ အနေနှင့် https://unu.edu/about/unu-services/hr/applying-for-a-position#files တွင် လျှောက်လွှာ ရယူကာ rectorship@unu.eduသို့ [email protected]� ၎င်းတွင် ဖော်ပြပါရှိသည်။
ယင်း ကုသမဂ္ဂတက္ကသိုလ် ပါမောက္ခချုပ် Mr. David M. Malone၏ ရာထူးသက်တမ်းမှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ တွင် ပြီးဆုံးမည်ဖြစ်သည်။
M-01
http://thevoicemyanmar.com/latest-news/7709-klt
Tuesday, April 11, 2017
ကုလသမဂ္ဂတက္ကသိုလ် ပါမောက္ခချုပ်ရာထူး လျှောက်ထားနိုင်
Reviewed by timeayeyar
on
3:29 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment