Latest News

Friday, April 28, 2017

ရွှေတွင်းတွေ ဖယ်ရှားပေးဖို့ တောင်းဆို

ရွှေတွင်းတွေ ဖယ်ရှားပေးဖို့ တောင်းဆို

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က ကျေးရွာအချို့မှာ လုပ်ကိုင်နေတဲ့ ရွှေတူးဖော်တဲ့လုပ်ငန်းတွေကို အမြန်ဆုံးဖယ်ရှားပေးဖို့ဆိုပြီး ဒီနေ့နေ့လည်ပိုင်းက ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံထဲမှာ ဒေသကောင်းကျိုးလိုလားသူများအဖွဲ့က ဆန္ဒပြတောင်းဆိုကြပါတယ်။

သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ သတ္တုရုံးရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်နေပေမယ့် ယနေ့အထိ ဖြေရှင်းပေးတာမရှိတဲ့အတွက် အခုလို ဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြအဖွဲ့ခေါင်းဆောင် ဦးမောင်မောင်ကြီး ကပြောပါတယ်။

ရွှေတူးဖော်ရေးလုပ်ငန်းတွေကြောင့် ဒေသခံတွေ ထိခိုက်နေရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သင်္ကြန်မတိုင်ခင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံကိုလည်း အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးဖို့ တောင်းဆိုစာတွေ ပေးပို့ထားတယ်လို့ ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်ထဲက လိပ်ကျကျေးရွာ၊ ချောင်းကြီးကျေးရွာနဲ့ ရေထွက်ကျေးရွာအပါအဝင် ကျေးရွာတော်တော်များများမှာရှိတဲ့ လယ်မြေတွေနဲ့ ခြံမြေတွေပေါ်မှာ မြန်မာနိုင်ငံသားပိုင်နဲ့ တရုတ်နိုင်ငံသားပိုင် ရွှေတူးဖော်ရေးကုမ္ပဏီတွေက ၀င်ရောက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

အဲဒီလို လယ်ယာမြေတွေထဲမှာ ဝင်ရောက်လုပ်ကိုင်တဲ့ ရွှေတူးဖော်လုပ်ငန်းပေါင်းဟာ ၈၂ ခုထိရှိတယ်လို့ ကျေးရွာသားတွေထံက သိရပါတယ်။

Photo: Thant Zin Oo/RFA

No comments:

Post a Comment